XXIX

10 2 0
                                    

နင် သိလား ...
မယုံကြည်ခြင်းတွေထဲပျော်ဝင်နေမိရင်
ငါကတော့
ကတိတွေပေးပြီး ချည်နှောင်ချင်တယ်
နင်ကရော ဘာတွေပြန်ပေးမှာလဲ
နင့်ဘက်က မပေးခင်ကတင် ငါက ချည်နှောင်နေနှင့်ပြီလေ

ညတွေမှာ နင့်ကိုလွမ်းတိုင်း
ငေးကြည့်ရတဲ့ ကြယ်တွေကိုခင်းပြီး
နင်ရှိရာ အရပ်ကို လာခဲ့လို့ရမလား
သိပ်ကဗျာ မဆန်တဲ့စကားတွေကြောင့်
အမြဲ နာကျင်ရတယ်ဆို ခွင့်လွှတ်ပါ

အလျော်အစားအနေနဲ့
တတ်နိုင်သလောက်များများချစ်ပေးပါ့မယ်
ကလေးရေ ...
နင် ကငါ့အချစ်ကိုခံယူထိုက်ပါတယ်

ဝေးနေပေမဲ့ အနီးဆုံးမှာရှိနေသလို
ငါတို့ နှလုံးသားတွေ နွေးထွေးနေတယ်
နင်က ညနက်နက်မှာ မက်ရတဲ့
အိမ်မက်လှလှတစ်ပုဒ်
မက်နေတုန်းလဲ ပြုံးရတယ်
နိုးလာတော့လဲ ကြည်နူးရတာပဲ

ငါ့ အလွမ်းတွေက
ကောင်းကင်မှာရှိတဲ့ ကြယ်တွေနဲ့ ပမာဏတူတူပဲ
ရေတွက်နေရင် မောမှာပေါ့ ကလေးရယ်
နင်သိချင်ရင်
တစ်ထောင့်တစ်ညပုံပြင်တွေလို ငါပြောပြမယ်

ပြောချင်တဲ့ စကားတွေချရေးပြီး
ဖန်ပုလင်းလေးထဲ ကြယ်တွေခေါက်ထားမယ်
နင်နဲ့တွေ့ရင် ပေးဖို့လေ
ကြယ်လေးတွေ ပန်းလေးတွေ ဖန်ဆင်းနိုင်တာ
Tinker bell တယောက်ပဲရှိတာမဟုတ်ပါဘူး
နင် ဆန္ဒရှိတယ်ဆိုရင်ပေါ့
ငါအကုန်ဖန်ဆင်းပေးမယ်
ငါ့ကဗျာ ထဲမှာ နင်ဘာမဆိုဖြစ်ခွင့်ရှိပါတယ်


နွံ Where stories live. Discover now