XVII

23 3 0
                                    

ဘဝဆိုတာအရမ်းတိုတောင်းပါတယ်
ရှိနေတဲ့အချိန်အတွင်း
ချစ်ချင်တဲ့ သူကိုရဲရဲဝင့်ဝင့်ချစ်ပြလိုက်စမ်းပါ
တပ်မတ်ခြင်းမပါတဲ့ အဖြူရောင်ချစ်ခြင်းတခုကတော့
လူတွေထင်သလို မပူလောင်ပါဘူး

ဒါပေမဲ့ ကလေးရယ်
ပုထုဇဉ် လူသားတွေပဲ
ပိုင်ဆိုင်လိုခြင်းတွေ ရယူလိုခြင်းတွေ
ကင်းမဲ့တယ်ဆိုရင် ဒါအလိမ်အညာတခုပဲလေ

ချစ်တယ်ဆိုတာရဲ့ နောက်ဆက်တွဲတွေကို
နင်လက်ခံနိုင်ရဲ့လား ...

ငါ့အတွက်ကတော့
အဲ့ဒီနောက်ဆက်တွဲတွေကို မစဉ်းစားမိတော့လောက်တဲ့အထိ
နင့်ကို ချစ်မိသွားတာ

အချစ်တခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ
ကော်ဖီတစ်ခွက် ဖျော်သလောက်မှမလွယ်ကူတာ

နင်နဲ့ငါ
ဘသူပိုချစ်လဲ ပြိုင်ကြမလား ?
ကလေးဆန်တယ်လို့ နင်အမြဲပြောတဲ့ငါက
တခါတလေ ဘာမှမသိတဲ့
ကလေးတစ်ယောက်ပဲ ဖြစ်ချင်တယ်

ပျော်ပျော်နေပေးပါ
နင်ပျော်ရင် ငါလဲအဆင်ပြေမှာပါ
အရမ်းအေးတဲ့ ဆောင်းညတွေမှာတော့
မီးလင်းဖိုဘေး တူတူရှိကြမယ်လေ
နင်က နင့်ရဲ့ပျော်စရာတွေအကြောင်းပြော
ငါကတော့ နင်ပြုံးနေတာလေး ထိုင်ငေးပါရစေ

တခါတလေတော့
ငါ့ကို ကလေးလေးတစ်ယောက်လိုဆိုးပါ
ငါ ငိုရင်တော့
လူကြီးတစ်ယောက်လို နှစ်သိမ့်လှည့်ပါ

နင်က ငါ့အတွက်တော့
ညနက်နက်မှာသောက်ရတဲ့ ဝိုင်တခွက်လိုပဲ
တခါတလေ ယစ်မူးစေတယ်
တခါတလေ နွေးထွေးမှုပေးတယ်

ဒဏ္ဏာရီ ထဲက မင်းသမီးတွေကို
ငါအားမကျပါဘူး
နင့်နဲ့ဆုံတွေ့ခွင့်ရတာက
ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုဆိုရင်
နင့်ကို စွဲလမ်းမိတာကလဲ
ဘုရားကပေးတဲ့ ပြစ်ဒဏ်တစ်ခုပဲထင်ပါရဲ့
နင်မို့လို့ကို ငါချစ်တာ ...

ဒါက ဝဋ်ကြွေးတခုဆိုရင်တောင်
နောက်ဘဝထိပါ ယူသွားချင်သေးတယ်
ငါ လောဘကြီးပါရစေ

ငါ ...  ဒီနေ့တော့ ...  ပိုလွမ်းတယ် ......

ငါရုန်းထွက်ကြည့်ပါသေးတယ်
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ ...

#mp

နွံ Where stories live. Discover now