XVI

23 4 0
                                    

ဧဝ ကို အာဒံရဲ့
နံရိုးတစ်ချောင်းနဲ့ ဖန်တီးထားတာလို့ ပြောကြတယ်
ငါယုံတမ်းပုံပြင်တွေကို
သိပ်မကြိုက်တတ်ပါဘူး

ဒါပေမဲ့ နင်ပြောတာဆိုရင်တော့
ဒဿဂီရီ က ခေါင်းတစ်လုံးပဲရှိတာပါဆိုရင်တောင်
ငါယုံပေးမယ်

အချစ်ဆိုတာ ဘာကြီးပါလို့
ငါ definition မဖွင့်တတ်ဘူး
အရိုးစင်းဆုံးပြောရရင်
နင်ပြုံးနေဖို့ လုပ်ဆောင်ပေးရတာလဲအချစ်ပဲ

ညဘက်တွေ ကော်ဖီတခွက်နဲ့
ကြယ်တွေကိုငေးရင်း
နင့်အကြောင်းတွေးရတာကြိုက်တယ်
ငါ ကော်ဖီကို ချစ်တယ်
ကဗျာတွေကိုလည်း ချစ်တယ်
ဒါပေမဲ့ ... နင့်ကို ပိုချစ်တယ်

နာကျင်မှုဆိုတာ
ငါ့ရဲ့ငယ်နိုင်လိုပါပဲ
ဟန်မဆောင်တတ်ပဲနဲ့နင်ဟန်မဆောင်ပါနဲ့
ပင်ပန်းမယ်
အနည်းဆုံးတော့ ငါတယောက်ကို
ရိုးသားပွင့်လင်းပေးပါ ...

တကမ္ဘာလုံးနဲ့ နင်တယောက်တည်းဆိုရင်တောင်
ငါနင့်ဘက်ကရပ်တည်ပေးမယ်
အပေးအယူအနေနဲ့
ငါ့ကိုတော့ ပြန်ချစ်ပေးပေါ့ဟာ

တနေ့လုံးအတွေးထဲ ရောက်နေတာအားမရလို့
အိမ်မက်ထဲထိပါ လာနှောင့်ယှက်တဲ့
ကလေးရေ
စွဲလမ်းမိတဲ့ ငါ့ကိုငါပဲ
အပြစ်တင်ပါ့မယ်

ရေစက်ရှိလို့ ဆုံတွေတယ်ဆိုရင်တောင်
အဲ့ဒီရေစက် မကုန်ခမ်းသွားရအောင်လို့
ဘယ်နတ်ဘုရားဆီမှာ
ငါသွားဆုတောင်းရမလဲ 

တောင်းပန်ပါတယ်
နင့် ဆန္ဒတွေမမေးပဲ
ငါက ချည်းတွဲကပ်နေမိလို့
ပြီးတော့ တောင်းပန်ပါတယ်
အရမ်းချစ်မိလို့

ငါက လူလည်ပါ
နင့်ကိုပြောချင်တဲ့စကားတွေကို
ကဗျာတွေအဖြစ်ပြောင်းတယ်
နင်က ငါ့ထက်လည်လေသလား
ငါ့စိတ်ကို သိချင်လို့ ကဗျာတွေတောင်းဖတ်တယ်

ခဏလေး ... နင်တချက်ပြုံးလိုက်တယ်မလား
ခိုးမပြုံးပါနဲ့ဟာ
နင့်ဆီကို လွှတ်ထားတဲ့
ငါ့ လိပ်ပြာလေးတွေ ငါ့ကိုပြန်ပြောပြတယ်

ကလေးရေ ဒီနေ့တော့ ဒီလောက်ပဲနော်
ငါ့ကဗျာတွေကို အများကြီးလဲ မဖတ်ချင်ပါနဲ့
နည်းနည်းစီနဲ့ ကြာကြာဖတ်လို့ရအောင်
ငါ ဥာဏ်များပါရစေကွယ်

တခုပဲ ....
ငါလည်း နင့်ရဲ့
နံရိုးတစ်ချောင်း ဖြစ်ချင်တယ်

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp

နွံ Where stories live. Discover now