မိုးအေးအေးနဲ့
နင့်ရင်ခွင် ခပ်နွေးနွေးကို
လွမ်းမိပြန်ပါတယ်ရာသီဥတုကလည်း ရက်စက်တယ်
ကော်ဖီတွေပိုအေးလာသလို
အရင်နားထောင်နေကြသီချင်းတွေကလဲ
အခုမှ ပိုဆွေးနေသယောင်အကုန် ပြည့်စုံတယ်
လိုအပ်နေတာ နင်* ဆိုတဲ့
သက်ရှိနာမ် လေးတစ်ခုတည်းရယ်ပါ ...အိမ်မက်ဆိုးတွေမက်ရင်
နင့် နာမည် ရေရွတ်မြည်တမ်းရုံနဲ့
ငါ လွတ်မြောက်နိုင်တယ်
နင်က အစွမ်းပျောက်နေတဲ့
နတ်ဘုရားများလားရယ်သံတွေက
ငါ့ အတွက်တော့ အိပ်ရာဝင်တေးပဲ
နင် ခေါ်လိုက်တဲ့ နာမ်စားလေးတွေအောက်
ကျရှုံး ခဲ့ရပေါင်းလဲ မနည်းတော့ပါဘူးအတင်းလုပ်ယူလို့မရတဲ့ထဲ
နင့် ရင်ခုန်သံတွေလဲပါတယ်ရယ်တခါတလေကြတော့လဲ
အူကြောင်ကြောင် စဉ်းစားမိပြန်တယ်
ငါတို့က ပြောင်းပြန် မွေးဖွားခဲ့ရင်တောင်
ငါနင့်ကိုပဲ ချစ်မှာဒီလိုအချိန်ကြ
ဆုံစည်းခွင့်ပေးတဲ့ ကံကြမ္မာကို
ကြိတ်ကျေးဇူးတင်မိတယ်
နီးရက်နဲ့ ဝေးအောင်
ဖန်တီးပေးပြန်တော့
အဲ့ဒီ ကံကြမ္မာ ကိုပဲ
ကျိန်ဆဲ မိပြန်တယ်နင် ကြားရလား ...
တိုးတိုးလေး ဆိုညည်းလိုက်တာ
သီချင်းတွေမဟုတ်ဘူး
ငါ့ အချစ်တွေဟရာသီဥတုကလည်း
တခါတလေမျက်နှာလိုက်တယ်ဟာ
ငါ့ ကမ္ဘာမှာ မိုးတွေရွာနေပေမဲ့
နင့်ရှိတဲ့ အရပ်မှာကျ နှင်းတွေကျချင်ကျနေတတ်ရော
ဒီကောင်းကင်ကြီးအောက် အတူတူတောင်
ငါကတော့ နင်ရှိရာအရပ်ကို
မျက်နှာမူပြီး ဆွေးမြေ့ ရတာပါပဲလွမ်းတယ် လို့ တဖွဖွပြောနေမိတာ
တကယ်များ တွေ့ရမလားလို့ပါရွဲ့ပြီးပြောလိုက်တဲ့စကားတွေကအစ
ချစ်မိနေတော့လည်း ခက်သားနော်
စိတ်ပူရအောင် ခဏခဏလုပ်တဲ့
ကလေးရေ ...
ငါ့အချစ်တွေအတွက်
ကျေးဇူး ဆိုတဲ့ အသိအမှတ်ပြုမှုတွေမလိုအပ်ပါဘူးနေကောင်းအောင်နေပေးတာနဲ့တင်
ငါ ပျော်ရပါတယ်
ချစ်တတ်အောင် သင်ပေးခဲ့လို့
ကျေးဇူးပါပဲကွယ် 💞အရင်ကလိုပဲ အရမ်းချစ်တယ် ...
#mp