XXIV

16 2 2
                                    

ကလေးရေ ...
ငါ ရပ်တန့်ဖို့ ကြိုးစားကြည့်ပါသေးတယ်
တဆစ်ဆစ်နာနေတဲ့ ငါ့ရင်ဘတ်ကလဲ
အမှတ်မရှိတဲ့ ငါ့ကိုမျက်မုန်းကြိုးနေလောက်ပါပြီ

ညဘက်တွေကော်ဖီမသောက်ရတာကြာပြီ
ကဖင်းဓာတ်မပါတဲ့ ညတွေလဲ အိပ်မပျော်ပါဘူးဟာ
ဒါပေမဲ့ နင့်အကြောင်းကတော့ ညတိုင်းတွေးဖြစ်တယ်
နင်က ကော်ဖီလိုပဲ
ငါ့ညတွေအိပ်မရအောင်အမြဲလုပ်တယ်
ဒါပေမဲ့ ငါဆက်ပြီး စွဲလမ်းနေတုန်းပါပဲ

နင်မရှိတော့ရင်...ဆိုပြီးအစချီတဲ့
ကဗျာတွေတော့ငါမဖတ်ဖြစ်တော့ပါဘူး

အချစ်ဆိုတာ ငါ့အတွက်တော့
ပေးဆပ်ခြင်းတစ်မျိုး လို့ပဲ
သက်သက်အဘိဓာန် ထုတ်ထားလေသလား
ပင်ပန်းပေမဲ့ ငါပျော်နေမိတယ်
နင့်မေတ္တာဆွဲအားကြီးလို့ပဲထင်ပါရဲ့

တယောက်တည်း pyscho တွေဖောက်လာမိရင်
ချောင်တစ်ချောင်မှာငိုမယ်
နင်ကတော့ နှလုံးသားထဲ ငြိမ်ငြိမ်လေးနေပေးပေါ့
မုန်းတယ် ဆိုတဲ့စကား ငါမပြောတတ်တော့တာကြာပြီရယ်

နွေရာသီမှာ ပွင့်တတ်တဲ့ပန်းလေးတွေကိုအားကျတယ်
သူတို့က သူတို့ချစ်တဲ့ နေမင်းကြီးဘက်ကိုမျက်နှာမူပြီး
လောင်မြှိုက်ခံပြီး အစွမ်းကုန်ပွင့်လန်းပေးတာ
နင် ပန်းလေးတွေကို တန်ဖိုးထားတာသိရတော့
ငါ ကြည်နူးရပြန်တယ်

နင်သိပ်တော်တယ်
နင်နဲ့ပက်သတ်ပြီး
ငါ့ကို ခံစားမှုရသပေါင်းစုံ ပေးစွမ်းတယ်
အဲ့ဒါက ဝဋ်ကြွေးတစ်ခု ဆိုရင်တောင်
ငါ ပျော်ရွှင်လေးနက်စွာ ခံယူလိုက်မယ်

သူများတွေလိုတော့ စာတွေဖွဲ့နွဲ့ပြီး
မချစ်ပြတတ်ဘူး ကလေးရေ ...
ငါ့ကဗျာမှာတော့ ငါ့ရိုးသားခြင်းတွေပျော်ဝင်နေတယ်
ငါ့ကဗျာလေးတွေ ဖတ်ပါ
ပြီးတော့ အလှဆုံးပြုံးပါ
ငါပျော်ပါတယ်

အလွမ်း ဆိုတာ
သိုးတွေရေတွက်ပြီးအိပ်ရတဲ့ညတွေကို
ဖျက်ဆီးပစ်တယ်
အချို့မြစ်တွေက မာယာများပေမဲ့
နင် အပိုင်စီးထားတဲ့
ငါ့ရဲ့ အချစ်မြို့လေးကတော့ တည်ငြိမ်ပါတယ်

ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်တောင်
နင့်ကိုကံကောင်းခြင်းတွေယူဆောင်ပေးမဲ့
clover leaf လေးပဲဖြစ်ချင်ပါတယ်

အဲ့ထက်မက နင့်ကိုချစ်တယ် ...

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ ...

#mp






နွံ Where stories live. Discover now