XX

22 2 2
                                    

လွမ်းတယ်ဆိုတာ
လူချင်းအဝေးကြီးမှာရှိနေမှလို့
နင့် ကိုဘယ်သူပြောသလဲ
အတူထိုင်နေပေမဲ့လည်း
စကားတွေပြောနေရပေမဲ့လည်း
လွမ်းနေရတာမျိုး ...

နာရီလက်တံတွေက တော့ဆက်ရွေ့လျားနေဦးမှာပါပဲ
ပြက္ခဒိန်တွေကလဲ တရွက်ပြီးတရွက်ကုန်နေဦးမှာပဲ
မသေဆုံးသရွေ့တော့
နင့်ကို ချစ်နေဦးမယ် စိတ်ကူးတာပါပဲ

နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေကို
လျစ်လျူရှုတတ်တာကြာခဲ့ပါပြီ
တခါတလေ အရမ်းချစ်လာတဲ့အခါ
နှလုံးသားထဲကနေ အပြင်ကိုပြန်မထွက်လာအောင်
အတင်းမြှုပ်နှံထားလိုက်ရတဲ့ အချစ်မျိုးတွေလဲရှိတယ်

မောင် လို့တမြတ်တနိုးခေါ်တဲ့အခါ
ကြည်ကြည်နူးနူးထူးပေးပါ
နွေရာသီမှာနှင်းကျအောင်တော့မလုပ်ပေးနိုင်ပေမဲ့
ငါ့ကမ္ဘာမှာတော့ အေးမြနေမှာ

နင်လူလည်ကျပြီး ပြောခိုင်းခဲ့တဲ့
စကားတွေကို ငါသိပ်မြတ်နိုးတာ

ကြယ်တခါကြွေတိုင်း
မောင်နဲ့ မြန်မြန်နီးရဖို့ ဆုတောင်းမယ်
ဆုတောင်းတွေထပ်နေတာတော့လဲ မတတ်နိုင်ဘူး
ပုလင်းထဲထည့်ပြီး ပင်လယ်ထဲမြောပစ်ဖို့ကျလည်း
ငါ့ဆုတောင်းတွေကို အထီးမကျန်စေချင်ဘူး

အမြဲတမ်း အနားမှာရှိနေနိုင်ဖို့
ဘယ်လိုအရာတွေ ဖြတ်ကျော်ရမလဲငါမသိဘူး
ငါသိတာတခုတည်းရယ် ...
မောင် တစ်ယောက်တော့ အမြဲ ငြိမ်းချမ်းပါစေ

မောင် ချစ်တယ် လို့တခါပြောတိုင်း
မျက်မမြင် တစ်ယောက် လမ်းပျောက်သလိုပဲ
ငါ အကြိမ်ကြိမ် ကျရှုံးတယ်

မေတ္တာမှာ အသွားအပြန်ရှိတယ်ဆိုတာ
ခုတော့ ယုံကြည်ပါရစေ
အပြစ်တော့မမြင်ပါဘူး
ငါ့မေတ္တာတွေ မစူးရက်စေချင်လို့ပါ

သိပ်လှတဲ့ ညမှာ
ကြယ်လေးတပွင့် ထပ်ကြွေသွားတယ်
ငါကလည်း ထပ်ဆုတောင်းမိပြန်တယ်
ငါဆုတောင်းရဖို့ ကြယ်တွေကြွေပေးနေရတယ်လို့ မောင် ခပ်နောက်နောက်ပြောလာတဲ့အခါ
ပြုံးပြီးကြည့်နေမှာ
ကြယ်လေးတွေက
ငါ့အချစ်ကိုယုံတယ်လေ ...

မနေ့ကလိုပဲ ချစ်ပါတယ် ...

ငါရုန်းမထွက်ချင်ခဲ့ပါဘူး
နွံလိုပဲနင်က
ငါရုန်းထွက်လေဆက်နစ်လေ ...

#mp

နွံ Where stories live. Discover now