နင်ရှိတဲ့နေရာကဖြစ်ဖြစ်
ငါရှိတဲ့နေရာကဖြစ်ဖြစ်
ကြယ်တွေကိုမော့ကြည့်မိရင်
တစ်ပုံစံတည်း မြင်ရတယ်အနည်းဆုံးတော့
ငါတို့ ၂ယောက်လုံး
ဒီကောင်းကင်ကြီးအောက်တူတူရှိနေကြတာပဲလေလေညှင်းနုနုလေးတွေ
တိုက်ခတ်လာရင်
ငါနင့်ကို လွမ်းနေကြောင်းတွေ
ပြောပြဖြစ်တယ်အကွာအဝေးတွေကို
ချုံ့ ပစ်လို့ရရင်လဲ
အကောင်းသားနော်ဝေးနေတာတွေအတွက်လဲ
ဘယ်လို ယတြာမျိုးတွေချေပေးရမလဲဒါမှမဟုတ်
ယုံကြည်မှုတွေတည်ဆောက်ဖို့ပဲ
ဘုရားသခင်က အချိန်ပေးထားတာလားနောက်တမျိုးတွေးကြည့်ရင်
ငါတို့ရဲ့ စစ်မှန်ခြင်းတွေကို
သွေးတိုးစမ်းနေလေသလားမသိတော့ပါဘူး
အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို
တခြား အဖြေရအောင် ရှာခိုင်းနေသလိုမျိုး
လွယ်ရက်နဲ့ ခက်နေကြတာဒီလိုချိန်ကျ
မြှားနတ်မောင်တွေ အချစ်နတ်သမီးတွေက
မသိချင်ယောင်ဆောင်ပြီး
လျစ်လျူရှုနေကြသလားတခါတလေကျ
အူကြောင်ကြောင်တွေးမိတယ်
Eve က Adam ကို
ပန်းသီးသာမခူးခိုင်းခဲ့ရင်
သူတို့ အချစ်တွေ သမိုင်းတွင်ခဲ့ပါ့မလားရာဇဝင်က အချစ်သူရဲကောင်းကြီးတွေလဲ
ဒီအချိန်မှာ မကယ်နိုင်ကြတော့ဘူးထင်ပါရဲ့နင်တော့မသိဘူး
ရန်တွေဖြစ်ပြီး ပြန်တည့်သွားကြတဲ့
အခိုက်အတန့်လေးကို
ငါမြတ်နိုးတယ်လိပ်ပြာလေးတစ်ကောင်
တခြားဆီ မပျံသွားနိုင်အောင်
ပန်းကလေးက
သံယောဇဉ်ကြိုးတွေနဲ့
ချည်နှောင်ထားပါရစေငါ့ကဗျာလေးတွေကတော့
ခေတ်သစ် မေတ္တာသဝဏ်လွှာတွေပေါ့ကွယ်
ကဗျာတွေ အဆုံးသတ်သွားရင်တောင်
မေတ္တာတွေကတော့ အရင်တိုင်း
ကျန်ရှိနေဆဲငါကတော့
နင့်ပြောနေကြစကားတွေထဲ
နူးနူးညံ့ညံ့ ပျော်ဝင်ပစ်ချင်တာပဲငါ့ကိုတော့ဖြင့်
အချစ်တွေနဲ့ပဲ စီရင်ပါငါကိုယ်တိုင် ခုန်ဆင်းခဲ့တဲ့ နွံလေးရေ
အရင်ကလိုပဲ
အရမ်းချစ်ပါတယ် ...#mp