II

152 5 0
                                    

နင်နဲ့ငါ ...

ငါတို့ဝေးလဲမဝေးသလို
နီးလဲမနီးပါဘူး

တမင်သတ်သတ်ကြီး စည်းတွေခြားနေမိတယ်
ညရောက်လို့ ကြယ်တွေရေတွက်တိုင်း
နင့်ကိုလွမ်းတယ်

သိလား ကလေးရေ
သူများတွေကိုသာညာလို့ရမယ်
ကိုယ့်ကိုကိုယ်တော့ညာလို့မရဘူးလို့ဆိုတော့
ဘယ်ဘက်ရင်အုံက ဆစ်ခနဲ့ နာကျင်သွားတယ်
အိပ်မပျော်တဲ့ညတွေက လှောင်ရီပြတယ်
ကြယ်လေးတပွင့်တောင်ကြွေသွားတယ်
သူတို့လဲ ငါနဲ့အတူ ကူလွမ်းပေးရလို့ထင်ပါရဲ့

လွမ်းတယ် ကလေးရေ
အကောင်အထည်ဖော်ပြလို့မရတဲ့ စိတ္တဇနာမ်ဆိုပေမဲ့
ငါ့ရဲ့ ညတွေရယ် ကြယ်လေးတွေရယ် နှလုံးသားတစုံရယ်က ကူပြောပေးလိမ့်မယ် ...

နင်ရှိတဲ့အရပ်ကို ဦးတည်ပြီး
ပို့လွှတ်လိုက်တဲ့ မေတ္တာတချို့ ....
နင်မရောက်ဘူးလို့ ခပ်လွယ်လွယ်
ဟာသနှောပြီးပြောပင်မဲ့ ငါနာကျင်ရတယ်ဟာ

ကြည့်နေ
လွမ်းတယ် ဆိုတဲ့စကားလုံး ၂လုံးမပါပဲနဲ့
နင့်ကိုလွမ်းကြောင်းငါဖော်ပြမယ်
ငါအမြဲတမ်းလွမ်းပါတယ်

အမှတ်မရှိဘူး ငါ
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ ...

#mp

နွံ Where stories live. Discover now