ဒီညတော့ ကြယ်တွေတိတ်ဆိတ်နေတယ်
ငါ့ ကောင်းကင်တွေ မှောင်မည်းနေတယ်
အရင်လို ပုရစ်အော်သံတွေကလဲ
ကဗျာတွေမဟုတ်တော့ဘူးငါလိုက်လို့ နင်ပြေးနေတာဆိုရင်တော့
ပင်ပန်းမှာပေါ့ ကလေးရယ်
ရပ်လိုက်ပါ ...
ငါကတော့ ဆက်မလိုက်နိုင်အောင်
ဒူးထောက်ထားလိုက်တော့မယ်လေနှစ်ချို့ သစ်ပင်တချို့ကိုမလှောင်ပါနဲ့
သူတို့လဲ သူတို့ဒဏ်ရာနဲ့သူတို့ပါ
တခါတလေ တခြားသူကိုပျော်ရွှင်စေဖို့
ကိုယ့်ကိုကိုယ် သေဆုံးပျော်ဝင်လိုက်ရတာတွေလဲ
ရှိတာပဲမဟုတ်ဘူးလားမျက်နှာဖုံးမစွပ်ထားတဲ့ ညတွေအတွက်ကတော့
အတော်လေးကို နာကျင်ရပါတယ်ကောင်းကင်မှာကြယ်တွေမရှိတော့မဲ့နေ့
ငါနင့်ကို မလွမ်းတော့ပါဘူး
နင်မရှိလဲဖြစ်တယ်လို့ လိမ်ပြောမယ်လေ
အသက် နဲ့ ခန္ဓာ မြဲနေသရွေ့ကတော့
သူအလိုလိုရှင်သန်နေရဦးမှာပေါ့ပြောခဲ့ဖူးသလိုပဲ ငါနာကျင်နေရရင်တောင်
အနည်းဆုံး နင်တစ်ယောက်တော့ ပျော်နေရမယ်လေ
လျစ်လျူရှုခံရတယ်ဆိုတာ ငယ်သူငယ်ချင်းလိုပါပဲ
ငါနေသားကျနေပါပြီညဘက်တရေးနိုးရင်
နင့်နာမည်ကို ယောင်ရမ်းပြီး ခေါ်နေမိတုန်းပဲ
နားလည်ရခက်တဲ့ နင့်ကို
နားလည်အောင်လဲ မကြိုးစားချင်တော့ဘူး
ဒီအတိုင်းလေးပဲချစ်နေမယ်လေအကျင့်တစ်ခုဆိုတာ ဖျောက်ဖို့ခက်တယ်
နင်ကလဲ ညတိုင်းကဗျာတွေဖတ်ရမှကျေနပ်သလို
ငါကလဲ နင့်အတွက်ဆိုပြီး ရည်ရွယ်တဲ့
ကဗျာတွေရေးပေးနေတုန်းပဲkiss me quick ပန်းလေးတွေလိုပဲ
နင်က သိပ်လှပေမဲ့ အဆူးတွေများတယ်
အဆူးဆူးခံပြီး လက်လှမ်းမိတဲ့
ငါ့အပြစ်ပဲပေါ့ကွယ် ဒါပေမဲ့ ကျေနပ်ပါတယ်ငါသိပ်ကြိုက်တဲ့ drama တွေလို
ending ဘယ်လိုဖြစ်မယ်ဆိုတာ
ကိုယ့်စိတ်ကြိုက်ဖန်တီးလို့ရရင်သိပ်ကောင်းမှာပဲ
sad ending တွေဆိုသိပ်မုန်းတဲ့ ငါရယ်ပါနားလည်မှုဆိုတာ
ကိုယ်တိုင်တည်ဆောက်ယူမှရတာပါ
တိတ်ဆိတ်နေလို့တော့
နာကျင်ရတာပဲ အဖက်တင်မှာပေါ့ဒီကဗျာလေးဖတ်ပြီးရင်တော့
စိတ်ဆိုးပြေပါတော့ ကလေးရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကို အရမ်းချစ်တယ်ဒီညတော့ မငိုချင်တော့ဘူးလေ ...
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ#mp