XXXII

15 1 0
                                    

ကဗျာရေးဖို့ စိတ်ဝိဥာဉ်တွေစုစည်းတော့မှသတိရတယ်
သူတို့တွေအကုန် နင့်ဆီရောက်နေကြတာပဲ
ပြန်ပေးလှည့်ပါ ကလေးရေ
နင့်ဆီမှာရှိနေတဲ့ ငါ့ရဲ့ စိတ်ဝိဥာဉ်တွေကို

ကြယ်တွေဆက်ရှိနေသေးတာ
ကောင်းကင်ကြီးကို အလှဆင်ဖို့ရယ်နဲ့
နင့်ကိုလွမ်းရင် ငါထိုင်ငေးဖို့ရယ်ပဲ

ခံစားသက်ဝင်မှုမရှိတဲ့ ကော်ဖီတခွက်ကတော့
အေးစက်စက်နိုင်လွန်းပါတယ်
ခါးသက်မှုတော့မပေးပေမဲ့
နွေးထွေးမှုတော့ မရနိုင်တော့ဘူး
သင်ခန်းစာယူစရာပေါ့ ကလေးရေ

ပန်းချီဆရာတစ်ယောက်ရဲ့ စုတ်တံ တချက်ကတော့
ရင်ကိုလှုပ်ခတ်နိုင်ပါတယ်
နင်က ငါ့အမြတ်တနိုးရေးခြယ်ထားရတဲ့
ပန်းချီကားတစ်ချပ်ပဲ

ခဏခဏမပြုံးပြပါနဲ့
ငါ့ ပန်းချီကားလေးကို
လူတွေဝိုင်းငေးကုန်လိမ့်မယ် 
ဆူပုတ်ပုတ်နေလဲ ချစ်ပါတယ်

ဘယ်အရာမှ မမြဲတဲ့လောကကြီးမှာ
ငါတို့အချစ်တွေကိုရော
သေချာသော့ခတ်ထားဖို့ လိုလိမ့်မယ်
နားလည်မှု နဲ့ သစ္စာတရား ကိုပါ
ပူးတွဲ ချည်နှောင်ထားကြရအောင်

မထင်မှတ်ထားတဲ့ တွေ့ဆုံမှုတစ်ခုက
ဒီလောက်ထိ နက်ရှိုင်း သွားလိမ့်မယ်လို့
ဘယ်သူက ထင်မိမှာလဲနော်

ငါတို့ရဲ့ ထပ်တူကျခြင်းတွေအတွက်
ပျော်ရွှင် ကြည်နူးရပါတယ်

အတွေးတွေထဲမှာလမ်းပျောက်နေရင်
ငါ့ နာမည်ကို ခေါ်လှည့်ပါ
ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်စေ
ငါအပြေးလာခဲ့မယ်

ငါတို့နှစ်ယောက်အကြောင်းတွေးမိတဲ့အခါ
ရင်ဘတ်ထဲက ခပ်နွေးနွေးလေးခံစားနေရတယ်
နင်လဲ ဒီအတိုင်းပဲလို့ မျှော်လင့်ပါတယ်
နင်ရှိမှ .... ငါအဆင်ပြေမှာ

လိပ်ပြာလေးတွေက
သူနှစ်သက်ရာ ပန်းလေးတွေဆီသွားနိုင်ပေမဲ့
ပန်းလေးတွေအတွက်ကတော့ ခဏတာလာခိုနားသည်ဖြစ်စေ
တဘဝစာလာခိုလှုံသည်ဖြစ်စေ
မညှိုး သွားသရွေ့
အမြဲ သစ္စာရှိရှိ စောင့်နေမှာပေါ့
ငါကတော့ လိပ်ပြာလေးတစ်ကောင်ကိုပဲ
လိုအပ်တာပါ ....

အခွင့်ရှိမယ်ဆိုရင်
တဘဝလုံးအနားမှာနေပြီး
နားငြီးသွားချင်တယ်
နင်စိတ်ရှုပ်နေရင်လဲ
ငြိမ်ငြိမ်လေးနေပေးဦးမယ်
စိတ်ပျော်နေရင်တော့
ရင်ခွင်ထဲဝင်ပြီး ချွဲပါရစေ

ချစ်လွန်းလို့ ခေါ်မိတဲ့ နာမ်စားလေးတွေကို
ကဗျာ ထဲချရေးမိတော့
ဘယ်ဘက် ရင်အုံကနေ စည်းချက်သံတခုကြားလိုက်ရတယ်
ဒီညတော့ ကြယ်တွေ အရင်လိုပဲလှတယ်

ပြီးတော့ အရင်လိုပဲ ချစ်ပါတယ်

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp

နွံ Where stories live. Discover now