အပိုင်း (၄)

9.8K 837 42
                                        

မြို့ပျက်ဖြစ်သည်မို့ အဆောက်အဦးတွေက ပြိုကျပျက်စီးနေသည်များကို လိုက်ကြည့်နေရင်းကနေ သူမ ဓါတ်ပုံများ တဖြတ်ဖြတ် ရိုက်သွားသည်။ ရှေးဟောင်းလက်ရာများက ခမ်းခမ်းနားနား ရှိလှသည်။ လူသွားလူလာ သိပ်မရှိသည့် နေရာဖြစ်လို့လား မသိ။ လက်ရာများက မပျက်မစီး ရှိနေသေးသည်။ သူမ သဘောကျသွားသည်။ ဒီလိုနေရာက လူမသိလေ ကောင်းလေပင်။ လူသိများလာသည်နှင့်အမျှ လူများ လာရောက်လာသည်နှင့် ရှေးဟောင်းလက်ရာတို့ ပျက်သွားသည်က များသည်။ သဘာဝပတ်ဝန်းကျင်ကပါ အဆစ် ထိခိုက်သေးသည်။

အဆောက်အဦးဟောင်း တစ်ခု၏ ခြံဝရှေ့ကို သူမရောက်တော့ အံ့သြသွားသည်။ တံခါးပျက်ကနေ လှမ်းမြင်နေရသည့် အခန်းတစ်ခု၏ တံခါးက သူမအာရုံကို ဖမ်းစားထားသည်။ သူမ ထိုအိမ်ဝင်းထဲ ဝင်ရန် ခြေလှမ်း လှမ်းလိုက်သည်နှင့် တစ်စုံတစ်ခုကို နင်းမိသွားသဖြင့် ငုံ့ကြည့်လိုက်သည်။

"လက်စွပ်လေးပါလား…"

ကောက်ပြီး ကြည့်မိလိုက်သည်။

"ဖီးနစ်ငှက်ပုံလေးပဲ…. လှလိုက်တာ…."

လက်စွပ်ကို ကြည့်နေတုန်းမှာပင် ရှောင်ဖေးက သူမအနားရောက်လာသည်။

"မို့ရန်… ဘာတွေ့လို့လဲ…"

"ဒီမှာလေ… လက်စွပ်တစ်ကွင်း ကောက်ရလို့… ငါနဲ့လိုက်လား…"

လက်စွပ်ကို သူမ၏ ဘယ်ဘက်လက်သူကြွယ်တွင် စွပ်လိုက်သည်။ သူမလက်ချောင်းနှင့် တိုင်းလုပ်ထားသလို ကွက်တိပင်။ ငွေနှင့်ပြုလုပ်ထားသည်မို့ နေရောင်အထိတွင် အရောင်လက်သွားသည်။

"မို့ရန်… ဘယ်သူဟာမှန်း မသိဘဲနဲ့ လျှောက်စွပ်မနေနဲ့ဦး… ကျိန်စာတွေ ဘာတွေ တိုက်ထားရင် ဘယ့်နှယ့်လုပ်မတုန်း…"

"အာ.. နင်ကလည်း… မဆိုင်ပါဘူး… ငါက လှလို့ ဝတ်ကြည့်တာပါ… ပြန်ချွတ်ပြီး သူ့နေရာမှာပဲ ပြန်ထားလိုက်တော့မယ်…"

လက်စွပ်ကို ပြန်ချွတ်လိုက်သည်။

"ဘယ်လိုလုပ် ကြပ်နေရတာလဲ…"

ဝတ်ကြည့်တုန်းက လျှောလျှောရှူရှူဝင်သွားသော လက်စွပ်သည် ယခုတော့ ချွတ်လို့ မရတော့ချေ။ ဘယ်လိုပဲ ဆွဲချွတ်ချွတ် မရတော့သည့်အတွက် လက်လျှော့လိုက်ရသည်။

ကြင်ယာတော် "မို့ရန်"Место, где живут истории. Откройте их для себя