အပိုင်း (၅၉)

2.7K 340 17
                                        





"နန်းတော်မှာ သာတဲ့လက အထင်ကရရှိလွန်းတယ်… လူတိုင်းက ချီနန်းတော်ကနေ လကိုရှူ့စားဖို့ ဆန္ဒရှိကြတာချည်း… ဒီလိုရာသီဥတုနဲ့ဆိုတော့ ပိုပြီးပနံတင့်လှတာပဲ…."

သူမအနောက်နားက စကားသံကြောင့် မို့ရန်လှည့်ကြည့်သည်။ ဦးခေါင်းထက်တွင် ဆံဖြူကျိုးတိုးကျဲတဲ၊ အနက်ရောက်နှင့်အဖြူရောင် ကျီးနှစ်ကောင်ပုံတပ်ဆင်ထားသော တောင်ဝှေးကို ကိုင်ဆောင်ထားသည့် လူကြီးတစ်ဦးကို တွေ့ရသည်။ ကျီးတို့၏ မျက်လုံးက လရောင်အောက်တွင် အနီရောင်တဖြတ်ဖြတ် လင်းလက်နေသည်။ ထိုလူက မို့ရန်နားသို့တိုင် လျှောက်လာပြီး သူမမျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ရင်း

"မင်းက ဘယ်အိမ်တော်ကလဲ… ငါ နန်းတော်မှာ မင်းကို မမြင်ဖူးဘူး…."

"ဟမ်… အော်… ကျနော်က…."

မို့ရန် ပြောလုဆဲဆဲ နန်းတွင်းသူတစ်ဦးက အရေးတကြီးပုံစံဖြင့် သူမကိုနှင့် ထိုလူကြီးက နှုတ်ဆက်ပြီး

"သခင်လေး… အရှင်မင်းသားက သခင်လေးကို ခေါ်ခိုင်းလိုက်ပါတယ်…."

"ဟုတ်ကဲ့… ကျနော့်ကို သွားခွင့်ပြုပါဦး လူကြီးမင်း…."

မို့ရန် နန်းတွင်းသူနောက် လိုက်သွားရင်းကနေ ထိုလူကြီးက ဘယ်သူလဲဟု စဉ်းစားနေမိသည်။

သူ့မျက်လုံးတွေ င့ါကိုကြည့်တာ…
ထူးဆန်းလိုက်တာ… ဘာလို့များပါလိမ့်…!!!

နတ်ဆရာရှီကျောင်းသည် သူ၏ ကျီးနှစ်ကောင်တောင်ဝှေးကို ကြည့်ရင်း စိတ်ထဲတွင်မလည်း ဖြစ်နိုင်ခြေများကို ခန်းမှန်းနေသည်။ ခန်းမထဲတွင် ရှိတုန်းက ကျီးမျက်လုံး အနီရောင်ပြောင်းသည့်အတွက် သူအံ့သြသွားသည်။ မီးငှက်ရှိနေသည့် လက္ခဏာဖြစ်သည့်အတွက် ပတ်ဝန်းကျင်ကို စိတ်အာရုံအသုံးပြုကာ ဖြန့်ကျက်ရှာဖွေတော့ ထိုမိန်းကလေးကို မြင်သွားသည်။ အဘယ်ကြောင့် ထိုမိန်းကလေးက အမျိုးသားဟန်ဆောင်ကာ ဖုံးကွယ်နေရသနည်း။ ဘာကြောင့် သူမက မီးငှက်အရိပ်အယောင် ပြနေရသနည်း။ မည်သူ့အိမ်တော်ကဖြစ်ကြောင်း သူ သိလိုလှသည့်အတွက် ခန်းမထဲ ပြန်ဝင်နေကာ အခြေအနေကို စောင့်ကြည့်လေသည်။
ကွမ်းချီသည် အခွင့်အရေးရပါမှ မို့ရန်ဆီ မရောက်လိုက်ရချေ။ ခန်းမထဲ ပြန်ဝင်လာသော မို့ရန်ကြောင့် သူခြေလှမ်းတို့ကို တံခါးမနားတွင် ရပ်တန့်လိုက်ချိန်တွင် ခပ်သွက်သွက်လျှောက်လာသော မို့ရန်ကလည်း ကွမ်းချီကိုမြင်သွားသည်။ မို့ရန် မျက်လုံးတို့ပြူးကျယ်သွားကာ နှုတ်ကလည်း အစ်ကိုဟု ခပ်တိုးတိုးရေရွတ်မိသည်။

------------------------------------------------

ကြင်ယာတော် "မို့ရန်"Место, где живут истории. Откройте их для себя