အပိုင်း (၇၈)

477 69 12
                                        



သူမ အိပ်မက်ဆိုးတစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူမသည် အကြောက်တရားတို့ဖြင့် ပြေးလွှားနေရပြီး ကူရာကယ်ရာမဲ့ခဲ့ရသည်။ မိုင်ပေါင်းရာချီပြေးခဲ့ရပြီး အနောက်ကို လှည့်ကြည့်လိုက်တိုင်း သူမကို ဖမ်းဖို့ဟန်ပြင်နေသည့် လက်တစ်စုံက အသင့်ရှိနေစမြဲ။ မောပန်းလွန်းလှစွာပင် နိုးထလာရတော့သည်။ မျက်လုံးပွင့်သည်နှင့် သူမညက အမူးလွန်ခဲ့သည်ကလွဲပြီး ဘာတွေဖြစ်ခဲ့သည်ကို အားလုံးမမှတ်မိတော့။ ခေါင်းကိုက်လာသဖြင့် နားထင်ကို လက်နှင့်ဖိပွတ်ရန် လက်ကိုဆွဲအမ သူမလက်တွေ လှုပ်မရသည်ကို သိလိုက်သည်။ လက်တင်မက တစ်ကိုယ်လုံးလှုပ်မရနေချေ။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ တစ်ကိုယ်လုံး ကြိုးတုပ်ခံထားရသည်။ မနေ့ညက ဘာတွေ ဖြစ်သွားသနည်း။

"တစ်ယောက်ယောက်များ အပြင်မှာ ရှိသလား…. င့ါကို ကူကြပါဦး… ဟေ့… တစ်ယောက်ယောက် ရှိသလားလို့…"

အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှု စိုးစင်းမှ မရသည့်အတွက် လက်လျှော့ပြီး ကိုယ့်ဘာသာ ကြိုးဖြေနိုင်ရန်အတွက် လူးလှိမ့်ကြိုးစားနေချိန် တံခါးပွင့်လာပြီး လူတစ်ယောက်ဝင်လာသည်။

"အတော်ပဲ… ဒီကြိုးကို ကူဖြေ… ဟင်… စစ်သူကြီး…"

"အော်လို့ဝပြီလား…"

"ဘာလို့ ကျမကို ကြိုးတုပ်ထားရတာလဲ… ပြန်ဖြေပေးဦး…."

"ဖန်းယဲ့… မင်း ဒီလောက်အထိ အားသန်မယ်လို့ မထင်ထားဘူး…"

"ကြိုးဖြေပေးပါ ဆိုနေမှ…"

ဟွာရှန့်က ချည်ထားသည့်ကြိုးကို ဖြေပေးလိုက်သည်။ ကြိုးပြေသွားသည်နှင့် လျော့ရဲနေသော အတွင်းဝတ်တို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြန်လုပ်လိုက်ပြီး အပေါ်ဝတ်တစ်ထည်ကို ချက်ချင်းကောက်ဝတ်တော့သည်။ ဝတ်ပြီးသည်နှင့် ထိုနေရာတွင်သာ ဘာဆက်လုပ်ရမှန်းမသိ တွေတွေကြီး ရပ်နေသောကြောင့်

"မင်း ဒါကို မြန်မြန်လာမသောက်ရင် အေးကုန်လိမ့်မယ်…"

"ဘာကြီးလဲ…"

"အမူးသက်သာဖို့အတွက်ပဲ…"

သူမ ဆေးကိုတစ်စက်မှ မကျန်သည်အထိ သောက်လိုက်သည်။ မေးခွန်းတွေ တစ်သီတစ်တန်းကြီး ရှိသော်လည်း တွန့်ဆုတ်နေသည့်အတွက် မမေးရဲ။ တိတ်ဆိတ်ခြင်းတို့က ခဏမျှ ဖြစ်ထွန်းသွားသည်။ ဟွာရှန့်ကပင် စတင်ကာ

ကြင်ယာတော် "မို့ရန်"Tempat cerita menjadi hidup. Temukan sekarang