"You are my sunshine….. My only sunshine….
You make me happy…. when skies are gray….
You’ll never know dear, how much I love you….
Please don’t take my sunshine away….."
ရှပ်… ရှပ်… ရှပ်…
သစ်ရွက်ကြွေပေါ် လမ်းလျှောက်သည့်အသံကြောင့် သူမ နောက်လှည့်ကြည့်လိုက်သည်။ ဘယ်သူမှ မတွေ့သော်လည်း သူမနားဖြင့် သေချာကြားလိုက်ပါသည်မို့ မယုံနိုင်။ ခဏကြာတော့ သစ်ပင်နောက်မှ လူရိပ်တစ်ရိပ်ထွက်လာပြီး သူမဆီ လှမ်းလာသည်။ လရောင်က ထိန်ထိန်သာသည့်အတွက် မျက်နှာကို သေချာမြင်ရတော့
"အော်…. ခင်ဗျားကိုး… အသံမပေး ဘာမပေးနဲ့…"
"မင်း င့ါကြောင့် အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ပါ… ငါ ထိုင်လို့ရလား…"
"အင်း…"
သူမ ပြန်ဖြေရင်း ဂစ်တာကြိုးကို ဆွဲပွတ်နေလိုက်သည်။
"ဆက်တီးလေ… နားထောင်လို့ကောင်းသားပဲ…"
"ဟင့်အင်း…."
"ဘာလို့လဲ… င့ါကြောင့်လား…"
"မဟုတ်ဘူး… တီးချင်စိတ် မရှိတော့လို့…""ခင်ဗျားက ဒီအချိန်ထိ မအိပ်သေးဘူးလား…"
"ထူးဆန်းတဲ့ သီချင်းသံကြားလို့ ထကြည့်တာ…"
"ဆောရီး…"
"ဘာကိုပြောတာလဲ…"
"တောင်းပန်တာလေ…"
"မင်းက စကားလုံးအဆန်းတွေ တခါတလေ ပြောတတ်တယ်… ခဏက သီချင်းက ဘယ်ဘာသာနဲ့ ဆိုတာလဲ… တီးခတ်သံတွေကလည်း ကြားနေကျပုံစံမဟုတ်ဘူး…"
"ဒါ အနောက်တိုင်းက ဘာသာနဲ့ဆိုထားတဲ့သီချင်း… ဒါလည်း သူတို့မှာသုံးတဲ့ တူရိယာ…"
ဂစ်တာကို ပုတ်ပြသည်မို့ ဟွာရှန့် သေချာကြည့်မိသည်။ သူတစ်ခါမှ မမြင်ဖူးသည့်တူရိယာမျိုး။ ကြိုးတစ်ချောင်းကို ထိကြည့်သည်။ ပိုးကြိုးမဟုတ်ဘဲ ကြေးဖြင့်လုပ်ထားပုံပေါ်သည်။
"ကျနော် သွားတော့မယ်… ခင်ဗျားလည်း အအေးမိမခံနဲ့ဦး… ရောဂါထပ်ဖြစ်နေရင် ထပ်ကုနေရဦးမယ်…"
ပြောရင်းဆိုရင်း ထူးဆန်းသည့် တူရိယာကို ရင်ခွင်ပိုက်ကာ ထထွက်သွားသည့် ကောင်လေးကို တားချိန်ပင် မရလိုက်။ သူရောက်လာလို့ ထွက်သွားတာလည်းဖြစ်နိုင်သည်။ ထိန်ထိန်သာနေသည့် လကိုသာ ငေးကာ ခဏအကြာတော့ သူလည်း ထိုနေရာမှ ပြန်လာသည်။
-----------------------------------------
"ကဲ တစ်ယောက်တစ်ခုယူပြီး လုပ်အားပေး ကြွကြပါ…. ခင်ဗျားတို့ကို သွေးပူလေ့ကျင့်ခန်းအသစ်နဲ့ မိတ်ဆက်ပေးမယ်…"
အားလုံးက မြေကြီးပေါ်တွင် ရှိသည့် ပစ္စည်းများကို တစ်ယောက်တစ်ခု ကောက်ယူလိုက်ပြီး ဖင်ပြန်ခေါင်းပြန် ကြည့်သည်။
"ဘာလဲ… ပေါက်ပြားတွေ တူရွင်းတွေ မမြင်ရတာကြာသွားလို့ မေ့သွားကြတာလား…."
"ခေါင်းဆောင်ရိန်း… ဒါတွေနဲ့ ဘာလုပ်မလို့လဲ…"
"မကြာခင် သိရမယ်… အားလုံး ကျနော့်နောက် လိုက်ခဲ့…"
ရွာနှင့် ခပ်လှမ်းလှမ်းရှိ ဖုန်ဆိုးမြေနေရာရောက်တော့ သူမခြေလှမ်းတို့ ရပ်တန့်သွားသည်။
!အားလုံးပဲ…. ဒီနေရာမှာ သွေးပူလေ့ကျင့်ခန်းစမယ်…"
"သွေးပူလေ့ကျင့်ခန်း… ဒါတွေနဲ့ ဘာလုပ်ရမှာလဲ…"
"Use your Brian bro…. ဒါလေးနည်းနည်းလောက် သုံးဦး…"
နားထင်ကို လက်ညှိုးထိုးပြလိုက်ကာ သူမဆိုလိုရင်းကို သဘောပေါက်အောင် သေချာရှင်းပြသည်။
"ဒီနေရာကို ဒီနေ့နိုင်သလောက် ရှင်းမယ်…. မခိုမကပ်ဘဲ အလုပ်လုပ်မယ်လို့ မျှော်လင့်ပါတယ်… ခင်ဗျားတို့ကို ယုံကြည်လို့ ဒီနေရာကို ဝကွက် အပ်လိုက်ပြီ…"
"ဒါကို ရှင်းပြီး ဘာလိုဖို့လဲ… ငါတို့မြေနေရာ ထပ်ချဲ့မလို့လား…"
"အန်ကယ်ကတော့ နိုးပါ… ပြီးမှပြောမယ်…. အလုပ်လုပ်ရအောင်…"
ပြောလည်းပြော၊ ဓါးတစ်လက်ဖြင့် ချုံနွယ်တွေ စရှင်းနေပြီမို့ အားလုံးက ဘုမသိဘမသိဘဲ လိုက်လုပ်ရသည်။ ၁၀ရက်အကြာတွင် ၅ဧကခန့်မြေနေရာကို ရှင်းပြီးသား၊ မြေပြင်ပြီးသလောက် ဖြစ်သွားသည်။ မြေကြီးများကို သေချာဆွပြီး ဘောင်လေးတွေလုပ်ခိုင်းတော့ သူမဘာလုပ်ချင်သလဲဆိုတာကို အားလုံးရိပ်မိလာသည်။ မြို့က ဝယ်လာသည့် မျိုးစေ့များကို နေရာတကျလိုက်ချနေကြရင်းကနေ သူတို့ပါးစပ် ပွစိပွစိ ဖြစ်ကုန်သည်။
"အပင်တွေ စိုက်ခိုင်းမယ်ဆိုလည်း ရှင်းရှင်းမပြောဘူး… ငါတို့ကို ဗဟေဌိ အဖြေလာညှိနေတယ်…."
"ဘာများလုပ်မှာလဲလို့ စိတ်ခုန်နေတာကို… ဟွင်း…"
"ဒါကို သွေးပူလေ့ကျင့်ခန်းအသစ်တဲ့…. သူမို့ပြောရဲတယ်…"
ပတွတ်ပတွတ်ပြောနေကြသည့် သူ့လူများကို ပြုံးစိစိကြည့်ရင်း ရယ်နေသော ကောင်လေးနားသို့ ဟွာရှန့် ဘေးချင်းယှဉ်ရပ်လိုက်ကာ"မင်းက ဒါလည်း ဝါသနာပါတာလား…"
"အင်းလေ… ခင်ဗျား မကြားဖူးဘူးလား…""တစ်သက်လုံးပျော်ချင်ရင် အပင်စိုက်ပါတဲ့… ကိုယ့်စိုက်ခင်းထဲက သီးပင်စားပင်လေးတွေ ဖြစ်ထွန်းလာရင် ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ… ခင်ဗျား မခံစားဖူးဘူးလား…"
မို့ရန် အဆက်မပြတ်ပြောပြီး သူ့ဘေးကလူကို ခေါင်းငဲ့လှမ်းကြည့်သည်။ ပခုံးကိုသာ မြင်ရသဖြင့် မော့ကြည့်ရသည်။
သောက်ကျိုးနည်း မြင့်လိုက်တဲ့ အရပ်… အနည်းဆုံးတော့ ၆ပေ ရှိမယ်… မဟုတ်ဘူး… ၆ပေ ၂လက်မလောက် ရှိမယ်…!!
သူမ ခြေဖျားထောက်လိုက်ပြီး မသိမသာ အရပ်ယှဉ်ရင်း စိတ်အားငယ်လာသည်။အမေက င့ါကို ဘာလို့ အရပ်ဒီလောက်လေးပဲ ရှိအောင် မွေးထားရတာလဲ… ငါ တကယ် အားငယ်လာပြီနော်…!
ČTEŠ
ကြင်ယာတော် "မို့ရန်"
Historická literaturaအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)