အပိုင်း (၄၅)

3.9K 480 19
                                        






တည်းခိုခန်းကနေ ထွက်လာတော့ သူမနှင့် ဟွာရှန့်သာ။ လက်ထောက်ဝူက ဘယ်ရောက်နေသလဲ။ သူမ ဟွာရှန့်ကို မေးချင်သော်လည်း တည်တင်းနေသည့် မျက်နှာကြောင့် မမေးဖြစ်။ အနောက်ကနေ ကုပ်ကုပ်ကလေးဖြင့် ရှေ့က ဦးဆောင်သွားနေသည့် အရပ်ရှည်ရှည်လူရဲ့ ခြေလှမ်းကျဲများကို မီအောင် လိုက်ရင်း သူမတို့ ဘယ်ကိုသွားနေသလဲ သိချင်လာသည်။ မေးတော့ မမေးဖြစ်ချေ။ လူများစည်ကားလွန်းသည့် နေရာများ၊ ဈေးဆိုင်တန်းများ၊ စားသောက်တန်းတို့ကို ဖြတ်ကျော်ပြီးနောက် မီးပုံနီများ ချိတ်ဆွဲထားသည့် ခြံဝင်းရှေ့တွင် ဟွာရှန့်ခြေလှမ်းများ ရပ်လိုက်သည်။ တံခါးမုဒ်ဦးတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်မှ အမည်ကို မို့ရန် မော့ကြည့်သည်။

'ရေစင်အေးငြိမ့်နိဗ္ဗာန်…´

ဘယ်လိုနာမည်ကြီးလဲ… !!!

ခြံထဲဝင်မိတော့မှ အတော်ကြီးမားသော ခြံမှန်း သိရသည်။ အချို့သော အဆောင်များတွင် တီးမှုတ်နေသည့် တူရိယာအသံများ၊ စကားသံများ၊ ကခုန်နေကြသည့်သူများ အမျိုးမျိုး အဖုံဖုံ။ အဆောင်ဆောင် အခန်းခန်းတို့ကြား လှပနုပျိုသော မိန်းကလေးများက ကူးချည်သန်းချည် သွားနေကြသည်။ အဲ.. မိန်းကလေးတွေသာ မဟုတ်။ ယောင်္ကျား ပျိုပျို၊ ရွယ်ရွယ်၊ ကြီးကြီး တွေပါ အပါအဝင်။  အမျိုးသမီးတို့ဝတ်စားထားသည့် အဝတ်အစားများက ပါးလျသည့် ပိတ်စများဖြင့် အပေါ်ပိုင်းကို ချုပ်ထားသည့်အပြင် ပင့်တင်ထားသည့်အတွက် ရင်သားများသည် သူတို့ လမ်းလျှောက်တိုင်း တလှုပ်လှုပ် ခုန်နေသည်။ ဆောင်းဦးရောက်နေတာတောင် ထိုမိန်းကလေးတွေက မအေးတတ်သည့်အလား။ အပေါ်ပိုင်းကို ရင်စည်းတစ်ဝက်တွင် ပိုးအပါးစများဖြင့်သာ ဖုံးအုပ်ထားပြီး ဖောက်သည်တွေကို အိညှောင့်အိညှောင့်သံတို့ဖြင့် ဆွဲဆောင်နေကြသည်။ သူမက ခေတ်သစ်က လာသည့်သူဖြစ်သဖြင့် ထိုဝတ်ပုံစားပုံလောက် မျက်လုံးထဲ ဘယ်လိုမှ မမြင်။ ခေတ်သစ်မှာလို ဘိကီနီသာသာများ ဝတ်ရင် ဒီလူတွေ နှာခေါင်းသွေးလျှံထွက်လွန်းလို့ တစ်မြို့လုံး သွေးချောင်းစီးသွားမလား စိုးရိမ်ရလောက်သည်။ မို့ရန် သူမဘေးနားက လူကြီးကို မော့ကြည့်လိုက်သည်။ အနှီအမျိုးသားက မတုန်မလှုပ်ပုံစံဖြင့် ဧည့်ခန်းဆောင်သို့ ဦးတည်သွားသည်။

အော်… လတ်စသတ်တော့ အပျော်မယ်ရှာချင်လို့ ဒီမြို့ကို လာတာကိုး…. အဲ့ဒါနဲ့များ င့ါကို ခေါ်လာသေးတယ်… နာမည်ထွက်မှာကို မစိုးရိမ်စမ်းပါနဲ့… ဒီက အပါးတော်မြဲက ခင်ဗျားသတင်းကို ဖွဖို့ စောင့်နေပြီးသား…!!!

ကြင်ယာတော် "မို့ရန်"Место, где живут истории. Откройте их для себя