"အရှင်မင်းကြီး ကျနော်မျိုးရောက်ပါပြီ…."
"ချွေ့ကုန်းကုန်း… င့ါကို နတ်နန်းဆောင်ဆီ ပို့စမ်း…"
"ကြွပါ အရှင်မင်းကြီး… ကျနော်မျိုး လိုက်ပါပို့ဆောင်ပါ့မယ်…"
တကယ်တမ်းတွင်မတော့ ရှင်ဘုရင်က ရှေ့ကနေ သုတ်သုတ်သွားနေပြီး ကုန်းကုန်းက မီးပုံးအိမ်ကိုင်ကာ ဘုရင်နောက် အပြေးလိုက်နေရသည့် ပုံဖြစ်နေသည်။ ချွေ့ကုန်းကုန်း မင်းကြီးဘာကြောင့် ညဥ့်နက်မှ နတ်နန်းဆောင်ဆီ သွားသည်ကို မမေးရဲ။ သူ့တွင် ခေါင်းအပို ပါသည်မဟုတ်။ အရေးကြီးကိစ္စရှိလို့ မင်းကြီး နန်းဆောင်အပြင် ထွက်သည်ဟုသာ စိတ်ထဲ အသေမှတ်ထားလိုက်သည်။ နတ်နန်းရှေ့ ဂိတ်ဝရောက်သည်နှင့် နတ်ဆရာငယ်များ အပြေးအလွှားရောက်လာကာ ခရီးဦးကြိုသည်။ ချွေ့ကုန်းကုန်းကို ဧည့်ဆောင်တွင်သာ နေရာပေးကာ မင်းကြီးကိုတော့ သူတို့တွေ အခြားတစ်နေရာသို့ ခေါ်သွားကြသည်။
"နတ်နန်းရဲ့လမ်းတွေက ဘာလို့ရှုပ်ထွေးနေရတာလဲ…"
မင်းကြီးဖူ ဒီနေရာရောက်တိုင်း အမြဲတွေးမိသည့် အတွေးပင်။ လမ်းများက မှတ်ရခက်ခဲအောင် တမင်ဖောက်ထားသလား အောက်မေ့ရသည်။ လာနေကြသူ ဖြစ်လို့ သူ လမ်းမမှားရခြင်းသာ။ တစ်နေရာအရောက်တွင် နတ်ဆရာတစ်ဦးက
"အရှင်မင်းကြီး…"
"အကြီးအကဲရှီ အထဲမှာ မင်းကြီးကို အသင့်စောင့်နေပါတယ်… ကျနော်မျိုး အထဲကို ဝင်ခွင့်မရှိတော့တာကြောင့် လိုက်မပို့တော့ပါဘူး…."မင်းကြီးဖူ အသင့်ဖွင့်ပေးထားသည့် အခန်းထဲ ဝင်လိုက်သည်နှင့် နတ်ဆရာက ထွက်သွားသည်။ အခန်းထဲရှိ မြွေခုနှစ်ကောင် ရစ်ပတ်ထားသည့် ထိုင်ခုံတွင် ထိုင်နေသူက သူ့ကိုမြင်သည်နှင့် နေရာမှထကာ
"အရှင်မင်းကြီး… ကျန်းမာပါရဲ့လား…"
"ရှီကျောင်း… မင်း င့ါကို ဘယ်အချိန်ထိ အချိန်ဆွဲထားမှာလဲ…"
"အရှင်မင်းကြီး… မလောပါနဲ့… ဒီနေ့ကျနော်မျိုး ပြတာကို မြင်ပြီးရင် အရှင်မင်းကြီး နားလည်ပါလိမ့်မယ်… ဒီဘက် ကြွပါ မင်းကြီး…"
![](https://img.wattpad.com/cover/146532165-288-k119560.jpg)
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)