"သူဌေး ကျေးဇူးတင်ပါတယ်… နောက်လည်း ကျနော်တို့ လက်တွဲအလုပ်လုပ်ကြတာပေါ့…"
ကုန်သည်သူဌေး ပြန်သွားပြီးနောက် သူမတို့ ငွေအိတ်ကြီးကို ကြည့်ပြီး
"ငါတို့ လုပ်နိုင်ပြီကွ… ခေါင်းဆောင်ရိန်း… ခင်ဗျား အရမ်းတော်တယ်…"
"ရက်စ်… ဒါပေါ့ ဘော်ဒါတို့… ငါက ဂျီးနီးယပ်စ်လေ…"
အွန်… အဲ့ဒါ ဘာကြီးလဲ…!!!!!!!!သူတို့ခေါင်းဆောင်ပြောသည့် စကားကို နားမလည်သဖြင့် တစ်ဦးမျက်နှာ တစ်ဦး ကြောင်စီစီနဲ့ ပြန်ကြည့်ကြသည်။ တောပုန်းဖူက
"ညီလေး… ငါတို့ မြို့ထဲ လျှောက်လည်ရအောင်…"
"သွားကြတာပေါ့…."
ထို့နောက် သူမတို့အုပ်စု မြို့ထဲတွင် လိုချင်သည့် ပစ္စည်းများ လျှောက်ဝယ်ကြသည်။ သူမလည်း သူမအတွက်လိုအပ်မည့် အသုံးအဆောင်များကို ဝယ်သည်။ မျိုးစေ့များ တပွေ့တပိုက် ဝယ်လာသော သူမကို အားလုံးက နားမလည်ကြ။ သူတို့က ဓါးလှံ၊ လက်နက်များကိုသာ ဝယ်ရန် စိုင်းပြင်းကြသည်။ အားလုံးဝယ်ခြမ်းပြီး ဈေးထဲမှ ပြန်ထွက်လာခါနီးတွင် ရုတ်ရုတ်သဲသဲ အသံများကြားရသည်။
"သူခိုး… သူခိုး…."
"အဲ့ဒီ အညိုရောင်အင်္ကျီနဲ့တစ်ယောက်ကို ဖမ်းပေးပါ…"
တစ်ယောက်က အူယားဖားယား ပြေးနေပြီး နောက်တစ်ယောက်က အသည်းအသန် လိုက်နေသည်။
"ဈေးထဲမှာ ဒီလိုပါပဲ…. အလစ်သုတ်သမားတွေ သူခိုးတွေ ရှိတာကို ကိုယ့်ပစ္စည်း ကိုယ်ဂရုစိုက်မှ တော်ကာကျမယ်…"
"အဲ့ဒီကောင်ပဲ မဟုတ်လား… ထပ်လုပ်ပြန်ပြီ…"
လူအချို့ လမ်းဘေးနားကပ်ကာ တီးတိုးတီးတိုး ပြောနေသံကို သူမ ကြားရသည်။ဝိုင်းဖမ်းပေးဖို့တော့ မစဉ်းစားဘူး…!
"ဆိုင်ရှင်… ဒါလေးခဏငှားပါရစေ…."
ဆိုင်ရှင်ကို ပြောလည်းပြော လက်ကလည်း မျက်စိရှေ့မြင်လိုက်သည့် ပစ္စည်းကို ဆွဲသည်။ သူမရှေ့ဖြတ်ပြေးလာသည့် ထိုသူခိုးကို ကောက်ပေါက်လိုက်သည်။
ဂွပ်….
ခွမ်း…
အိရား…. ငါပေါက်လိုက်တဲ့ဟာက ကြွေပန်းအိုးကြီး… လျှော်ရတော့မယ်..!!!!
လဲကျသွားသည့် သူခိုးကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သော်လည်း သူခိုးက သူမကို ဆောင့်တွန်းပြီး ပြေးထွက်သွားသည်။ ရင်ဘတ်ပေါ်ပေကျံသွားသည့် ဖုန်ကို ခါထုတ်ရင်းကနေ သွေးတို့က ဦးနှောက်ဆီ ဒိန်းကနဲ ဆောင့်တက်သွားသည်။
မရှိတော့ဘူး!!!!!
"တောက်စ်…. ငုံးကောင်စုတ်… နှမပေးလေး… င့ါဟာပါ အလစ်သုတ်သွားတယ်…."
သူခိုးထွက်ပြေးသွားသည့် လမ်းအတိုင်း သုတ်ခြေတင်ပြေးသွားသည့် သူတို့ခေါင်းဆောင်ကို မြင်တော့ ကျန်သည့်သူများကလည်း သူမသွားရာ ပြေးလိုက်ကြသည်။ သူတို့စိတ်ထဲတွင်မတော့
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)