အပိုင်း (၂၃)

5.7K 725 31
                                    




"လာကြ… ပစ္စည်းတွေ ကြည့်ရအောင်…."

သူမပြောလိုက်သည်နှင့် ကျန်သူများက ဝမ်းသာအားရ တိုက်ရာပါ ပစ္စည်းများကို လှည်းပေါ်မှ ဆွဲချကာ သေတ္တာများ၊ အထုပ်အပိုးများကို ဖွင့်ကြည့်ကြသည်။ ဘရိုကိတ်ပိုးထည်စများ၊ ဂျင်ဆင်းမြစ်များ၊ ကြွေအသုံးအဆောင်များကို တွေ့တော့ သူမမျက်နှာတွင်သာမက ကျန်သူများ၏ မျက်နှာများတွင်ပါ အပြုံးတို့ တွဲခိုသွားသည်။

ငါလေး… ဓါးပြအလုပ်ကို ဘာလို့မရွေးခဲ့ပါလိမ့်…. လူလည်းသတ်ရတယ်… ပစ္စည်းလည်းရတယ်.. ပျော်စရာကြီး!!!!

ပစ္စည်းများကို ထုတ်ကြည့် ကိုင်ကြည့်ကြ၊ ပိုးထည်စများကို သူတို့ကိုယ်ပေါ်တွင် ကပ်ကြည့်ကြနှင့် အပျော်ကြီး ပျော်နေကြသည့် အဖွဲ့သားများကို ငေးနေရင်း အစ်ကိုကြီးဖူကို စကားစမိသည်။

"ဖူအစ်ကိုကြီး… ကျနော်တို့ ဒါတွေကို မြို့မှာ သွားရောင်းရအောင်…"

"ဟမ်… သွားရောင်းမလို့လား…"

"အင်းလေ… ဒီလောက်များတဲ့ဟာ… ပိုလျှံတာတွေကို ရောင်းပြီး လိုတာတွေကို ဝယ်ရအောင်လေ…"

သေတ္တာတစ်ခုမှ ဂျင်ဆင်းအမြစ်တစ်ခုကို ယူထုတ်လိုက်ပြီး

"ဒါတွေက ကြာကြာထားလို့ မရဘူး…. ပုပ်ကုန်ရင် ဘာမှသုံးလို့ရတော့မှာ မဟုတ်ဘူး…"

"ဒါပေမယ့်…"

"ဘာဖြစ်ပြန်တာတုန်း…."

"ငါတို့မှ မြို့ထဲ ဝင်လို့မရတာကို… ရုပ်ဖျက်ပြီး ဝင်ရင်တောင် ငါတို့မှာ မြို့ဝင်ခွင့် လက်မှတ်မှ မရှိတာ…"

"ဒါလေးကို ပြောတာလား…."

သူမ ခါးကြားထဲ ထိုးထည့်ထားသည့် သစ်သားပြားအချို့ကို ထုတ်ပြလိုက်သည်။ ဖူအစ်ကိုကြီး အံ့သြသွားပုံဖြင့်

"မင်း ဘယ်တုန်းက ယူခဲ့တာလဲ…"

"အဲဒါအရေးမကြီးဘူး… ခင်ဗျား မြို့ထဲ သွားမှာလား… မသွားဘူးလား…."


သူမရဲ့ အေးစက်စက်ခြိမ်းခြောက်သံနှင့် လက်ထဲက ဓါးကို ထောက်ပြထားသောကြောင့် တောပုန်းဖူ ကြောက်ရွံ့ခြင်းတို့က သူ့နှလုံးထဲ စိမ့်ဝင်သွားသည်။

ကောင်လေး…. မင်းဒီလိုလုပ်ပြနေတော့ ငါက ဘယ်လိုလုပ် ငြင်းလို့ရမှာလဲ!!!!

------------------------

"နောက်တစ်ယောက်…"

အစောင့်တစ်ဦးက မုဒ်ဦးထဲဝင်မည့်သူတစ်ဦးဆီက သစ်သားတံဆိပ်ပြားကို ယူကာ စေ့စေ့စပ်စပ်ကြည့်သည်။

"မင်း.. သွားလို့ရပြီ.. နောက်တစ်ယောက်…."

မို့ရန်တို့အုပ်စု လှည်းဘေးနားတွင် ခြံရံပြီး သူမတို့အလှည့်ကို စောင့်နေရင်း ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကြည့်ထားသည်။

ကြင်ယာတော် "မို့ရန်"Tahanan ng mga kuwento. Tumuklas ngayon