မိုးလင်းတော့ သစ်ခုတ်သမား၏ အိမ်မှ မထွက်မီ သူမ ကျောပိုးအိတ်ကို ယူပြီး ပိုက်ဆံအိတ်ကို ရှာကြည့်လိုက်သည်။ ကံကောင်းစွာပင် ပိုက်ဆံအိတ်က ရှိနေသေးသည်။ ငွေစက္ကူအချို့ကို ဆွဲထုတ်လိုက်ပြီး
"အားရှီ… ငါ အိမ်ရှင်ကို ငွေနည်းနည်း ပေးချင်တယ်… ကျေးဇူးတင်ကြောင်းပြောပြီး ငါတို့ သွားရအောင်…"
မို့ရန် ကမ်းပေးလိုက်သည့် ငွေစက္ကူတို့ကို အားရှီက ယူလိုက်ပြီး အသေအချာ ကြည့်နေသည်။ နေရောင်တွင် ထောင်ကြည့်လိုက်၊ ပိုက်ဆံကို ပွတ်ကြည့်လိုက်နှင့် ကြာရင် ပိုက်ဆံက ပြဲတော့မည်။"မမလေး… ဒါ ဘာစာရွက်တွေလဲ… ကြည့်လို့ကောင်းတယ်…"
သူမ အူကြောင်ကြောင် ဖြစ်ချင်သွားသည်။ နင် ပိုက်ဆံကို မမြင်ဖူးတဲ့ အရပ်က လာတာလား အားရှီ…!"အဲ့တာ ပိုက်ဆံတွေလေ… အိမ်ရှင်ကို ကျေးဇူးဆပ်ဖို့…"
"အာ… မမလေး… ပိုက်ဆံတွေကိုတောင် မမှတ်မိတော့တာလား… ဒါ ပိုက်ဆံမှ မဟုတ်တာ… အားရှီမှာ ငွေစ နည်းနည်း ပါလာတယ်… အားရှီ ပေးလိုက်ပါ့မယ်…"
အားရှီက သူမတွင်ပါလာသည့် ငွေစအချို့ကို ထုတ်ယူလိုက်ပြီး မို့ရန်ကို ပြလိုက်သည်။"ဒီမှာ ဒီလိုငွေပြားတွေကို သုံးနေတုန်းပဲလား…"
"အင်း… ဟုတ်တယ်…"
အိမ်ရှင်ကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် မြို့တော်ရှိရာလမ်းဘက်ကို အမျိုးသမီးက လမ်းညွှန်ပြသည်။ ပြီးနောက် မို့ရန်ရှိရာဘက်ကို လှည့်လိုက်ပြီး"မိန်းကလေး… နင် လမ်းလျှောက်လို့ မရသေးဘူး… လမ်းထပ်လျှောက်ရင် ခြေထောက်က အကြောတွေ ဒဏ်ဖြစ်ပြီး ပျောက်တော့မှာ မဟုတ်ဘူး…"
"ဟင်….."
"ငါ ဒီလှည်းကို ငှားသွားပေးပါ့မယ်… နောက်မှ ပြန်လာပေးပေါ့…."
အမျိုးသမီးက အိမ်ထောင့်တွင် ရပ်ထားသည့် ထင်းစည်းထည့်ဆွဲသည့် လှည်းကို လက်ညှိုးထိုးပြသည်။ အားရှီက ကျေးဇူးအခါခါတင်ပြီး လှည်းကို သွားယူလာသည်။"မမလေး… လှည်းပေါ်တက်…"
"ဟမ်… လှည်းဆွဲဖို့ မြင်းမှ မရှိတာ… ငါတို့ လမ်းလျှောက်ပြီးတော့ပဲ သွားရအောင်…"
"မဖြစ်ဘူး… မဖြစ်ဘူး… မမလေး လမ်းလျှောက်လို့ မဖြစ်ဘူး…"
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)