"ညီလေးရိန်း… ငါတို့မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ…"
"ဟမ်… ဘာကိုဆိုလိုတာလဲ အကိုကြီးဖူ…"
"မင်းကြောင့် ငါတို့ကောင်းကောင်းမွန်မွန် နေရတယ်လေ…"
"အာ… ဒါက မပြောပလောက်တဲ့ဟာပါဗျာ… ဒီလူအချင်းချင်း… မလိုပါဘူး…"
"ငါတို့လွတ်ရင် မင်းကို အသေအချာပြုစုမယ်…"
"ငါ့ညီမလေးက အချက်အပြုတ်လည်းတော်တယ်… လှလည်း လှတယ်… မင်းလိုချင်လား ညီလေး…"
"ဟာ… တော်ကြပါဗျာ… ဒီအကြောင်းဆက်ပြောရင် ထွက်သွားတော့မယ်…"
အစ်ကိုငါးက ပြောလို့မရ။ အတည်တကျ လုပ်တတ်သည့်အတွက် သူမ ယောင်လို့ ခေါင်းမညိတ်ရဲ။ တကယ်ပေးစားမှဖြင့် မိန်းကလေးက နစ်နာနေဦးမည်။ ကိုယ်က ကိုယ့်အကြောင်းနဲ့ ကိုယ် မဟုတ်လား။ ဆွေးနွေးပွဲကို လမ်းကြောင်းပြောင်းလိုက်သည်။"အစ်ကိုကြီးတို့… ကျနော် သိချင်တာတစ်ခုရှိလို့…"
"ဘာများတုန်းဟ…"
"ကျားခေါင်းပုံတံဆိပ်နဲ့ လက်နက်ပစ္စည်းတွေ တွေ့ဖူးကြလား… ဒီလိုမျိုးလေ…"
ရေနွေးခွက်မှ ရေကို လက်ဖြင့်တို့လိုက်ပြီး စားပွဲပေါ်တွင် ကျားခေါင်းရုပ်ပုံ ဆွဲပြသည်။ အားလုံးက သူမဆွဲပြသည်ကို အသေအချာကြည့်ပြီးနောက်
"ဒါ… ပါရှန်းပြည်နယ်ကနဲ့ တူတယ်… ငါ အမှတ်မမှားဘူးဆိုရင်… ကြေးစားဂိုဏ်းတစ်ဖွဲ့ရဲ့ တံဆိပ်ပဲ…"
"ကြေးစားအဖွဲ့… သူတို့က ဘယ်လိုမျိုးလဲ…""အဖွဲ့ကြီးလား…"
"အဖွဲ့ကြီးလား… ငယ်လားတော့ မသိဘူး… သူတို့အဖွဲ့ကို ငှားပြီး လူသတ်ခိုင်းရင်… အလုပ်မအောင်မခြင်း သတ်မှတ်ထားတဲ့ အဖိုးခကို မယူဘူးလို့ နာမည်ကြီးတယ်… အဖွဲ့နာမည်က အတည်တကျမရှိဘူး… ကျားခေါင်းတံဆိပ်ကိုပဲ စွဲပြီး ကျားခေါင်းအဖွဲ့လို့ ငါတို့ လွယ်လွယ်ပဲ ခေါ်ကြတယ်…"
"နေပါဦး… ညီလေးရိန်း… မင်းက ဒါကို ဘယ်ကကြားလို့ မေးတာလဲ…"
"ကျနော်တို့အဖွဲ့ကို မှားဖမ်းလာတာ သူတို့ကြောင့်…"
"ဟင်… သူတို့က ဘယ်လိုလုပ်ပြီး…""ငါတို့အဖွဲ့သေးသေးလေးကို… ရန်ငြိုးမှ မရှိတာ…"
"ရန်ငြိုးမရှိပေမယ့်…. ကျနော်တို့က ထိုးကျွေးခံလိုက်ရတာလေ…"
"ငါတို့ လက်တုံ့ပြန်ဖို့တော့ မဖြစ်နိုင်ဘူးနော်…"
"အဲ့ဒီလို မလုပ်ပါဘူး… ကြည့်ရတာ ကျွဲနှစ်ကောင်ခတ်ကြတဲ့ကြားက မြေစာပင်ဖြစ်ခဲ့တာပဲ… ထားလိုက်ပါတော့… အချိန်လင့်နေပြီ… ကျနော်သွားတော့မယ်…"
မို့ရန် သူမတို့ တိတ်တဆိတ် ဆုံတွေ့ကြသည့် နေရာမှ ထွက်ခဲ့ပြီး အိပ်ဆောင်ဆီ ပြန်သွားသည်။ အခန်းရှေ့မရောက်ခင်မှာပင် မြင်ရသည့်မြင်ကွင်းကြောင့် သူမ မျက်လုံးကို မယုံနိုင်ဖြစ်သဖြင့် မျက်လုံးကို ပွတ်ပြီး ပြန်ကြည့်သည်။
အိုက်ယား… ဒုက္ခပဲ… စစ်သူကြီးက ဘယ်လိုလုပ်ပြီး င့ါအဆောင်ရှေ့ ရောက်နေတာလဲ… ဘယ်လိုလုပ်ရပါ့…!!!
သူမ တွေဝေနေဆဲမှာပင်
"မင်း… ဒီအချိန်ကြီး ဘယ်သွားနေတာလဲ…"
"စစ်သူကြီးကရော… ဘာအကြောင်းကြောင့်များ… ကျနော့်အိပ်ဆောင်ရှေ့ လာရပ်နေရတာလဲ… အကြောင်းရင်း သိပါရစေ…"
"မင်းကို ဘယ်သူက မေးခွင့်ပြုထားလဲ…"
မို့ရန် ပါးစပ်ပိတ်ကာပင် စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
သြဇာသီးကောင်… ဘူးရှစ်ပဲ…!!
"ကျနော်က ရေအိမ်သွားပြီး ပြန်လာတာပါ… စစ်သူကြီးက ဘာများ အလိုရှိလို့ပါလဲ…"
"မင်း… င့ါနောက်လိုက်ခဲ့…"
မို့ရန် ဆက်မပြောတော့ဘဲ ဟွာရှန့်ခေါ်ရာနောက် လိုက်ခဲ့သည်။ မြင်းက ကဆုန်ဆိုင်း ပြေးလွှားနေသလို သူမစိတ်လည်း အတော်ရှုပ်ထွေးနေသည်။ သုံးနာရီ နီးပါးမျှကြာလာသည်အထိ တစ်ဦးကိုတစ်ဦး စကားတစ်ခွန်းမှ မပြောဘဲ နေတာကြာလာတော့ စိတ်ထဲတမျိုးတမည်ပင်။ လင်းကြက်တွန်သည့် အချိန်ရောက်မှ သူမတို့ အိမ်ဝန်းရှေ့တစ်ခုတွင် ရပ်နားသည်။ အစောင့်ကောင်လေးက အိမ်ထဲပြေးဝင်သွားပြီး တစ်အောင့်မျှအကြာတွင် ပိန်ပိန်ပါးပါးလူတစ်ဦး အမြန်ရောက်လာကာ
"စစ်သူကြီး… အထဲကြွပါ… ကျနော် နားနေဆောင်လိုက်ပြပါ့မယ်…"
ဟွာရှန့် ခေါင်းသာ ညိတ်ပြပြီး ထိုသူနေရာချပေးသည့် အခန်းတွင် အနားယူသည်။ မို့ရန်လည်း သူမအတွက် နေရာရသည့် အခန်းတွင် ခဏမျှ အနားယူပြီးနောက် မနက်မိုးစင်စင်လင်းသည်နှင့် ဟွာရှန့်နှင့် သူဌေးဝမ်ဆိုသောသူတို့၏ စကားဝိုင်းဘေးတွင်ထိုင်ကာ လာချပေးသည့် စားစရာတို့ကိုသာ မဲပြီး စားသောက်နေ၏။ ခဏနေတော့ သူတို့နှစ်ဦး ဥယျာဉ်ဘက်သို့ လမ်းလျှောက်ထွက်သွားကြသည်။ သူမလိုက်စရာ မလိုသောကြောင့် နားနေဆောင်တွင်သာ ပြန်နားနေတော့သည်။
"စစ်သူကြီး… ဒီမှာပါ.."
သူဌေးဝမ် ကမ်းပေးလာသည့် စာရွက်အပိုင်းအစကို ယူကြည့်ရင်း
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)