အပိုင်း (၃၈)

4.2K 523 10
                                        






သစ်သားပြားပေါ်တွင် ရေးထားသော အမှတ်များက မို့ရန်တို့အသင်းသားများကို စိတ်ဓါတ်ကျစေလောက်သည်။ စုစုပေါင်းရမှတ်က ၂၀ ပင်ရှိသည်။ အသင်းများအားလုံးတွင် ဘိတ်ချေး။ အလံလုပွဲတွင် နိုင်အောင်ကစားနိုင်မှ နောက်ထပ်ရမှတ် ၂၀ တက်မည်။ သို့မှသာ အခြားအဖွဲ့များနှင့် တန်းတူဖြစ်လာမည်။ နိုင်အောင် ကစားနိုင်မည်လော။ ဒီလူတွေနဲ့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်။ နိုင်ရန် ရာနှုန်း သုံည။ မို့ရန် နဖူးစည်း အစိမ်းရောင်ကို လက်ထဲတွင်ကိုင်ထားရင်း  အဓိပ္ပာယ်မဲ့စွာဖြင့် ရမှတ်များကို ငေးနေမိသည်။

"အစ်ကိုရိန်း… ဘာငေးနေတာလဲ… ပွဲစတော့မယ်…"

"အော်… အင်း…"

နဖူးစည်းကို စည်းလိုက်ကာ မနိုင်တော့လည်း ဘာအရေးလဲ။ အောက်ခြေသိမ်းအလုပ် လုပ်ရတော့ရော။ ဘာဖြစ်လဲ။ အနည်းဆုံးတော့ အသက်ရှင်နေရသေးတာပဲ မဟုတ်လား။ အနိုင်ကျင့်ခံရရင် ပြန်ချမယ်။ အခွင့်သာရင် ထွက်ပြေးမယ်။ ဟုတ်တယ်။ ထွက်ပြေးဦးမယ်။

အားတင်းကာပင် ပြိုင်ပွဲရှိရာ ကွင်းထဲ ထီမထင်ရုပ်ဖြင့် ဝင်သွားသည်။ တစ်သင်းတွင် ၁၀ယောက်သာ ပြန်ရွေးထားပြီး အသင်းအသီးသီးက ဆိုင်ရာဆိုင်ရာနေရာများတွင် ရပ်နေကြသည်။ ကျန်သည့်အသင်းသားများက သတ်မှတ်ထားပေးသည့် နေရာများတွင် နေရာယူရကာ မိမိတို့အသင်း အနိုင်ရရန် အားပေးနေကြသည်။ ပြိုင်ပွဲတစ်ကွင်းလုံး ဆူညံလွန်းလှသည်။
ပြိုင်ပွဲစည်းကမ်းက သိပ်မများလှ။ ဘီလူးခေါင်းရုပ်ပုံပါသည့် အနီရောင်အလံများကို ၁၀ပေခန့်မြင့်သည့် တိုင်ပေါ်ရှိ ခွက်ထဲသို့ အရောက်ထည့်ရန်။ နာရီဝက်အတွင်း အလံအများဆုံးထည့်နိုင်သည့်အသင်း အနိုင်ရမည်။ မို့ရန်မျက်လုံးထဲတွင် အာလူးကောက်ပြိုင်ပွဲကို ပြေးမြင်သည်။ အာလူးများကို မြန်မြန်နှင့် များများကောက်နိုင်လေလေ အနိုင်ရလေလေ။ ဒီခေတ်ဟောင်းက လူတွေက ကလေးကစားနည်းကို သိပ်ကြိုက်တာလား။

ဒုံ…

စည်တီးသံ စသည်နှင့် အားလုံးက ပြေးထွက်ကြကာ အလံများကို လိုက်ရှာကြသည်။ ပြိုင်ပွဲကျင်းပသည့် ကွင်းဆိုသော်လည်း မြေပြန့်မဟုတ်။ တောင်ကုန်းကမူ ၃ခုကြားတွင် ပြိုင်ကွင်းနေရာသတ်မှတ်ထားသည်။ ထို့အပြင် သစ်ပင်ငယ်၊ ဆူးခြုံငယ်များလည်း နေရာအနှံ့ရှိသည်။ အလံများကို လိုက်ရှာရင်း တစ်ယောက်တွေ့သည်ဟု အသံထွက်လာပါက ထိုလူထံသို့ ပြေးသွားကာ အလံလုသည်။ ထိုးကြိတ်ခိုက်ရန် ဖြစ်သည်အထိ။ မည်သူမှလည်း တားဆီးမှုမရှိပေ။ အလံလုပွဲစည်းကမ်းတွင် ထိုကဲ့သို့ ခိုက်ရန်ဖြစ်ခြင်းက အကျုံးဝင်နေသည်။ မတတ်နိုင်။

ကြင်ယာတော် "မို့ရန်"Donde viven las historias. Descúbrelo ahora