"မမလေး…. မင်္ဂလာလက်ဆောင်တွေက အများကြီးပဲနော်…"
မိမိရှေ့တွင် ရှိနေသည့် ပစ္စည်းများကို မို့ရန် ယောင်လို့တောင် မထိ။ ပစ္စည်းတန်ဖိုးက စိတ်ဖြင့်မှန်းကြည့်တာတောင် ဟိုခေတ်မှာသာဆို သူမဘောစိဖြစ်နေလောက်ပြီ။ အားရှီကတော့ ပစ္စည်းများကို ဝမ်းသာအားရ ကြည့်နေသည်မှာ မျက်လုံးများပင် ကျွတ်တော့မည်။ အခန်းတစ်ခုလုံး ပြည့်လျှံနေသည့် မင်္ဂလာလက်ဆောင်များကို သခင်မလေးက သူမနှင့် လားလားမျှ မဆိုင်သလိုနေနေသည်ကိုတွေ့တော့ အားရှီ မို့ရန်နား လျှောက်သွားပြီး"မမလေး… နည်းနည်းလောက်ပဲဖြစ်ဖြစ် ကြည့်ကြည့်ပါဦး…."
"ငါ စိတ်မဝင်စားဘူး…"
"ဒါပေမယ့် မမလေးရယ်…"
"အားရှီ… ငါ စိတ်တိုနေတယ်… နင်ခဏလေးလောက် တိတ်တိတ်နေပေးလို့ ရမလား…."
"ဟုတ်… ဟုတ်ကဲ့…"
အားရှီ ဒီလောက်တောင် သခင်မလေးအပေါ် မသိတတ်ရကောင်းလားဟု ဆိုကာ ကိုယ့်ကိုယ်ကို ပါးဆယ်ချက်လောက် ရိုက်ချင်သွားသည်။ မို့ရန်နှင့် အားရှီတို့အကြား တိတ်ဆိတ်မှုက အမွှေးတိုင် တစ်တိုင်စာခန့်လောက် လွှမ်းမိုးပြီးနောက် မို့ရန် သူမသိလိုသည်တို့ကို အားရှီများ သိမလားဟု မေးချင်လာသဖြင့်"အားရှီ…."
"ရှိပါတယ်… မမလေး…."
"နင် စုန့်ချင်းလျိုအကြောင်း ကြားဖူးလား…"
"အမတ်စုန့်သား အကြောင်း သိပ်မသိပ်ပါဘူး မမလေး…""နင် သိသလောက် နည်းနည်းလေးပဲ ဖြစ်ဖြစ် င့ါကို ပြောပြ…"
"ဟုတ်… အမတ်စုန့်သားက အားရှီသိသလောက် နည်းနည်းမြာပွေတယ်… မြို့တော်မှာ သူနဲ့ မတွဲဖူးတဲ့ သခင်မလေးတွေ မရှိသလောက် ရှားပါတယ်…"
"မြာပွေတယ်…. ဟုတ်လား…"
"ဟုတ်…"
မို့ရန် မျက်မှောင်ကြုတ်လိုက်သည်။ ကံက မကောင်းပါဘူးဆိုနေမှ မြာပွေတတ်သည့် ယောက်ျားနှင့် အိမ်ထောင်ကျကိန်း ထပ်ဆိုက်သည်။ Old frame က ငွေမက်သည်။ အခု ကိုယ်ရမည့် ယောက်ျားက ပေါက်စီနှင့် စမူဆာ ကြိုက်သည်။ ဘယ်လိုဘဝမျိုးပါလိမ့်။ ရုပ်ဆိုးသွားလောက်အောင် မျက်နှာကို မဲ့သည်။"ဟိုမွေးစားသမီး နှစ်ယောက်နဲ့ကျ မပေးစားဘဲနဲ့ ငါ့ကျ ဒီဘဲငပွေးနဲ့ ယူခိုင်းတယ်… အေမကိုက်ရင် ကံကောင်း…"
ဘဲငပွေး… အေကိုက်တယ်…??? မမလေး ဘာတွေ ပြောနေတာပါလိမ့်။ အားရှီ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို ဖော်နိုင်ဖို့ ကြိုးစားပေမယ့် သူမ နားမလည်။ သို့ပေမယ့် သူမသိထားသည်ကိုတော့ ဆက်ပြောရမည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)