အပိုင်း (၃၉)

4.2K 532 30
                                        




"အရှင်မင်းကြီးကို ချွေ့ရင် နှုတ်ဆက်ပါတယ်…. မင်းကြီး သက်တော်ရာကျော်ရှည်ပြီး စိတ်နှလုံး အစဉ်အမြဲ ချမ်းမြေ့ပါစေ…."

"ချွေ့ရင်… မင်း စကားပိုတတ်လာတယ်…"

ချွေ့ရင်က မင်းကြီးဖူ စကားကြောင့် ရှက်သွေးဖြန်းကာ လက်နှစ်ဖက်က စကတ်စအား ဆုပ်နယ်နေသည်။

"အရှင်မင်းကြီး… ချွေ့ရင် မွေးနေ့ပွဲ တက်ရောက်ဖို့ လာဖိတ်တာပါ…"

"အို… မင်း အသက်ဘယ်လောက်ရှိပြီလဲ…"

"မင်းကြီး…"

ခြေအစုံကို ဆောင့်ကာ စိတ်ဆိုးဟန် ပြနေသော်လည်း တကယ်တမ်း စိတ်ဆိုးနေသည်မဟုတ်သည်ကို ဘေးတွင် ရှိသည့် အမှုထမ်းတို့က အလိုလိုသိသည်။ မျက်နှာမဲ့ချင်ကြသော်လည်း သူတို့မျက်နှာတွင် ဘာမှမမြင်သည့်အလား။ တုံနိဘာဝေ။ ချွေ့ရင်က မင်းကြီးဖူ သူမအသက်ကို မမှတ်မိရကောင်းလား အပြစ်တင်ချင်သည်။ သို့သော် မင်းကြီးဖြစ်သောကြောင့် သူမ စိတ်ရှိတိုင်း မဆိုးသွမ်းရဲ။

"မင်းကြီး… ချွေ့အာ အသက် ၁၈ ပြည့်ပြီ…"

"အို… အရွယ်ရောက်လာပြီပဲ… မင်း ဘာလက်ဆောင်လိုချင်သလဲ…. ပြော…"

"မင်းကြီး… ချွေ့အာတောင်းတာကို တကယ်ပေးမှာလား…"

"ငါက မင်းကြီးပဲ… မင်း ဘာလိုချင်လဲ…"

"ချွေ့အာ… ချွေ့အာ… မင်းသားသုံးရဲ့ ကြင်ယာတော် ဖြစ်ချင်တယ်…"

မင်းကြီးအား ပြောပြီးနောက် ချွေ့ရင်မျက်နှာ ဆေးနီဖြန်းခံထားရသည့်အတိုင်းပင်။ သူမရှက်လွန်းသဖြင့် ခေါင်းကြီးငုံ့ကာ ဖော်ပင်မလာတော့။ ချွေ့ရင်၏ တောင်းဆိုမှုကြောင့် မင်းကြီးဖူ မျက်နှာတည်လွန်းမက တည်သွားသည်။ မင်းကြီး၏မျက်နှာရိပ် မျက်နှာကဲကိုမြင်တော့ ချွေ့ရင် ချွေးစီးပြန်လာသည်။ သူမ တောင်းဆိုတာ မှားသွားတာလား။

"မင်းက မင်းသားသုံးရဲ့ ကြင်ယာဖြစ်ချင်တာလား… မင်း ဖြစ်နိုင်မယ်လို့ ထင်လား…"

"အရှင်မင်းကြီး… မင်းကြီးသာ ခွင့်ပြုရင် ချွေ့အာ ကြိုးစားမှာပါ… မင်းကြီး ဒါက ချွေ့အာအဖြစ်ချင်ဆုံး ဆန္ဒပါ… နောက်ထပ် ဘာမှမလိုတော့ပါဘူး… မယ်တော်ကြီး ကတိတောင်းထားတာကို မင်းကြီး မှတ်မိမှာပါ... အရှင်မင်းကြီးဖြည့်ဆည်းပေးဖို့ ချွေ့အာ တောင်းဆိုပါတယ်…"

ကြင်ယာတော် "မို့ရန်"Tempat cerita menjadi hidup. Temukan sekarang