အပိုင်း (၄၂)

3.9K 446 31
                                    








"စစ်သူကြီး ရှာလိုတဲ့ လက်စွပ် ကျနော်တို့မှာတော့ မရှိပါဘူး…. ကျနော့်လူတွေ လွှတ်ထားပြီး လက်စွပ်သတင်း ရှာထားပါ့မယ်…"

"သူဌေးဝမ်ကိုပဲ အပူကပ်ရတော့မယ်…"

"ကျနော်တို့ စစ်သူကြီးကို အကူအညီပေးရတာကိုပဲ ဝမ်းမြောက်လှပါပြီ… ဒါနဲ့ စစ်သူကြီး အရှင်မင်းကြီးက နတ်ဆရာရှီကျောင်းနဲ့ အမြဲလိုလိုတွေ့နေရတယ်… ဒါက…"

"သူဌေးဝမ်စိုးရိမ်နေတာကို ကျနော်လည်း ရိပ်မိပါတယ်… အခုအချိန်က လှုပ်ရှားဖို့ မသင့်သေးဘူး…"

"ကျနော်မျိုးလည်း အစိုးရိမ်လွန်သွားတာပါ… မင်းကြီးဖူက သူလိုချင်တဲ့အရာဆို မရမက လုပ်တတ်လို့ စစ်သူကြီးကို အခုထက်ပို သတိထားဖို့ပဲ ပြောနိုင်ပါတယ်… ဒါနဲ့ စစ်သူကြီး… မင်းကြီးဖူ စစ်သူကြီးအတွက် ကြင်ယာတော်တစ်ဦး ချီးမြှင့်ထားတယ်လို့ သိရတယ်…"

"ကျနော့်ကို တမင်အလုပ်ရှုပ်အောင် လုပ်ထားတာပါ… သူဌေးဝမ် ကျနော့်ကိုသာ လက်စွပ်သတင်းရရချင်း အကြောင်းပြန်ပေးပါ…"

ဟွာရှန့် ပြောရင်းဆိုရင်း ထိုင်ခုံပေါ်မှထရပ်ကာ ပြန်တော့မည့်ဟန် ပြင်သည်။

"စစ်သူကြီး… မပြန်ပါနဲ့ဦး… ဒီမှာတစ်ည တည်းခိုသွားပါဦး…"

"သူဌေးဝမ် နောက်တစ်ခါမှ လာတော့မယ်…"

"ပီအိုနီပွင့်ချိန်မှာ လာခဲ့ပါ စစ်သူကြီး… ကျနော့်ရဲ့ ပီအိုနီဥယျာဉ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါရစေ…"

ခေါင်းသာညိမ့်ပြပြီး မြင်းပေါ်တက်ကာ အပြန်ခရီးကို ဒုန်းစိုင်းနှင်တော့သည်။ သူဌေးဝမ်က ဟွာရှန့်၏ ကျောပြင်ကို ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးမှ သက်ပြင်းအသာချသည်။ အမှန်ဆို မင်းကြီးဖူ နေရာတွင် စစ်သူကြီးဟွာရှန့်သာ ဖြစ်ပါက ဘယ်လောက်ကောင်းလိုက်မည်နည်း။ ယခင်မင်းကြီးနှင့် မိဖုရားကြီးတို့၏ တော်ဝင်သားတော်ဖြစ်သော်လည်း မိဖုရားကြီးက စစ်သူကြီးကို မွေးပြီးပြီးချင်း အသက်ကုန်သည်။ နောက်တက်လာသည့် မိဖုရားချန်က သူ၏ သား ယခုလက်ရှိမင်းကြီး ဖူချန်ကို နန်းတက်နိုင်အောင် လုပ်ပြီး ဟွာရှန့်ကိုတော့ ချောင်ထိုးထားသည်။ မင်းကြီးဖူ တော်ဝင်သွေး မဟုတ်မှန်း သိသည့်သူတိုင်း အသတ်ခံရသည်။ သူတောင် ကံသီလို့ ကျန်ခဲ့ခြင်းပင်။ အခုတော့ စစ်သူကြီးက သူ့ကို ထိန်းကျောင်းပေးခဲ့သည့် မိဖုရားငယ်တစ်ပါးကိုသာ မယ်တော်အဖြစ်သတ်မှတ်ကာ တရိုတသေဆက်ဆံသည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now