သူမကို အော်ပြောသည့်အသံကြောင့် လက်ထဲကိုင်မိသည့်အရာကို အခုမှ ကြည့်မိသည်။ ကျောက်စိမ်းဆံထိုးလေး။ ငွေနှင့် ပြုလုပ်ထားသည်မို့ ကျောက်စိမ်းက ပိုစိမ်းစိုနေသည်။ ဒေါင်းအမြီးသဏ္ဍာန် ပြုလုပ်ထားသောကြောင့် ကျက်သရေရှိစွာ လှသည်။
"အမစူးစူ… အမအရင်တစ်ခါက ဆံထိုးယူပြီးပြီ မှတ်လား… ဒီတစ်ခု လုလု ယူမယ်…"
လုလုက ပြောလည်းပြော ဆံထိုးကိုလည်း ဆွဲယူသည်။ သူမ လက်ကို ဖြတ်ခနဲ ရုတ်လိုက်သည်။"ဟဲ့… ဒါ ငါနဲ့မှလိုက်တာ… နင် နောက်မှယူ…"
နောက်တစ်ယောက်က ပြောရင်းဆိုရင်း ဆံထိုးကို အတင်း ဆွဲယူဟန်ပြင်သည်။ နှစ်ယောက်စလုံး သူမဆီ ပြေးလာပြီး ဆံထိုးကို လုကြသည်။ ဒီလောက်တောင် လိုချင်လှ ကဲဟာ….!
ဆံထိုးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ထိုနှစ်ယောက်၏ ခါးဆီကို လက်နှစ်ဖက်က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ လောဘဇောတက်နေကြသည်မို့ စူးစူနှင့်လုလု သူမတို့ကို မို့ရန် ဘာလုပ်လိုက်သည်ကို မသိလိုက်ချေ။"အားရှီ… အဲ့ဒါယူခဲ့…."
စားပွဲပေါ်ရှိ ပိုးထည်တစ်စကို မေးငေါ့ပြလိုက်ပြီး မိမိအခန်းရှိရာသို့ ပြန်ခဲ့လိုက်သည်။ ခုံပေါ်ထိုင်လိုက်ပြီး သူမ ဟိုနှစ်ယောက်၏ ခါးဆီကနေ ဖြုတ်လာသည့် လိပ်ပြာပုံ ကျောက်စိမ်းဆွဲပြားနှစ်ခုကို နေရောင်ထဲ ထောင်ကြည့်သည်။ နက်ရှိုင်းစွာ စိမ်းလဲ့နေသည့် ကျောက်စိမ်းတို့က သူမကို တလက်လက်ပြုံးပြနေသယောင်။ ကျောက်စိမ်းဆွဲပြားတို့ပေါ်တွင် စူးစူနှင့် လုလုတို့၏ အမည်ကို သေသပ်စွာ ထိုးထားသည်။ သူမ ကျေနပ်စွာ ပြုံးလိုက်မိသည်။အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းပဲ… ဘာပဲဖြစ်ဖြစ် ဆံထိုးထက်စာရင် ဈေးပိုရလိမ့်မယ်…!
"မမလေး… ဒီမှာ မမလေးရဲ့ အိတ်ပါ…."
အားရှီကို ယူခိုင်းထားသည့် ကျောပိုးအိတ်ကိုမြင်တော့မှ သူမ၏ ဈေးတွက် တွက်နေသည့်အသိတို့ကို ခဏသိမ်းလိုက်သည်။ ကျောက်စိမ်းဆွဲပြားတို့ကို စားပွဲပေါ်အသာချကာ ကျောပိုးအိတ်ကို ဖွင့်သည်။ အချက်ပြ မီးရှူးတိုင်ကို မြင်တော့ ငိုချင်လာပြန်သည်။ အခုတော့ ဒီမီးရှူးက အသုံးမဝင်တော့ချေ။ ပြန်လို့မရတော့မည့် အတူတူ ဒီလောကတွင် အသားကျအောင်သာ နေထိုင်ဖို့သာ ရှိတော့သည်မို့ ထပ်ပြီး မငိုမိအောင် ကြိုးစားရဦးမည်။ ထို့နောက် ကင်မရာကို ထုတ်ယူပြီး စစ်သည်။ အားးးးးးး…… င့ါရဲ့ Canon 6D လေး… ရင်ကွဲပါပြီတော်…..!
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)