"အစ်ကို….."
"အစ်ကိုကွမ်းချီ… အစ်ကို…. ကိုကိုရေ…."
တုန်လှုပ်စွာ အော်ခေါ်ရင်း ကွမ်းချီရှိရာသို့ မို့ရန် ပြေးသွားသည်။ ကွမ်းချီက သူမအော်သံကို မကြားချေ။ ရင်ကွဲလောက်သည်အထိ နာမည်ကိုတကြော်ကြော်အော်ခေါ်နေရင်း သူမ၏လက်မှ ဓါးကလည်း သွားရာလမ်းတစ်လျှောက် ပိတ်ဆို့နေသောသူ မှန်သမျှကို သုတ်သင်သည်။ သူမ လည်ချောင်းကွဲမတတ် အော်ခေါ်နေသော်လည်း ဆူညံလွန်းလှသည့် တိုက်ပွဲသံများကြောင့် ကွမ်းချီက ကြားဟန်မတူ။ဘာလို့လဲ… အစ်ကိုက ဘာလို့လဲ… ဘာလို့ဒီမှာ ရှိနေရတာလဲ…. အစ်ကို…. နင်လွတ်ရာ မြန်မြန်ပြေးဖို့လိုတယ်… မဟုတ်ရင်… မဟုတ်ရင်….!!!!
သူမ ဆက်လည်းမတွေးရဲ။ ကြောက်ရွံ့ခြင်းက ကြီးစိုးလာသည့်အတွက် ဘာကိုမှလည်း မမြင်တော့။ ပြေးနေရင်းကနေ သူမ၏ခါးကို တစ်စုံတစ်ယောက်က လှမ်းဆွဲခြင်း ခံလိုက်ရပြီး သူမဘေးနားရှိ နဂါးနီစစ်သည်တစ်ဦး မြေပြင်ပေါ်က မြောက်တက်သွားသည်။ ထိုစစ်သည်၏ လည်မြိုမှထွက်လာသော သွေးတို့သည် သူမမျက်နှာကို လာစင်သည်။"အစ်ကိုကွမ်းချီ……"
သူမနှုတ်က ခပ်တိုးတိုးလေး ခေါ်ကာ ခါးကိုဖက်ထားသော လက်တစ်ဖက်ပြုတ်ထွက်သွားရန် ရုန်းသည်။ ထိုလက်က သူမရုန်းလေလေ ပိုပြီးတင်းကြပ်လာလေလေပင်။"ငါ့ကို လွှတ်….."
သူမ အော်ဟစ်ရုန်းကန်သော်လည်း မလွှတ်ပေးသည့်အပြင် သူမကိုဆွဲကာ တပြုံတမတိုးဝင်လာသော နဂါးနီစစ်သည်တို့ကြားကနေ ဖောက်ထွက်လို့ရသည်အထိ ထိုသူဓါးက အညှာအတာကင်းမဲ့စွာပင် နဂါးနီစစ်သည်တို့ကို သတ်ဖြတ်လေသည်။"စစ်သူကြီး…. ငါ့ကိုလွှတ်ပေးပါ…."
ဟွာရှန့်က သူမဘယ်လောက်ပင် လွှတ်ပေးဖို့တောင်းဆိုဆို နားမကြားသောသူတစ်ဦးအလား။ တုန့်ပြန်မှု နည်းနည်းမှ မပေးဘဲ သူမကို စစ်ပွဲနှင့်ဝေးရာသို့ ဆွဲခေါ်သွားသည်။ ရွှေလင်းယုန်တပ်မကြီးက မျက်စိတစ်ဆုံး ကျယ်ပြန့်စွာ နေရာယူထားသည်ကို မြင်ရသောအခါ သူမနှလုံးတစ်ခုလုံး ခုန်ပေါက်လွန်းပြီး ထွက်ကျလာတော့မယောင်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)