အခန်း(၁)

39.9K 1.5K 16
                                    

[Zawgyi]
မိုးရနံ့သင်းနေသော ပတ်ဝန်းကျင်တစ်ခွင် သစ်ပင်ပန်းမာန်တို့ စိမ်းလန်းစိုပြည်နေသည်။ကျေးငှက်တို့သာယာစွာတွန်ကျူးနေသည်။ မိုးရွာပြီးကာစ အသက်ရှူမှားလောက်အောင် လှချင်တိုင်းလှနေသော မေ့သဘာဝတရားကြီးကို နိုင်း တစ်ယောက် ဈာန်သမာပတ်ဝင်နေစဉ်အခိုက် အိမ်ရှေ့မှ ခေါ်သံလေးတစ်သံကြားလိုက်မိသည်။

နိုင်းတစ်ယောက် မှိုရထားသော မျက်နှာနှင့် အိမ်အောက်သို့ မပြေးရုံတမယ်လေး လျှောက်သွားလိုက်သော်လည်း
သူမြင်လိုက်ရသည်မှာ မျှော်လင့်ထားသူမဟုတ်သောကြောင့် နိုင်းမျက်နှာ လငမုတ်ဖမ်းသလို ချက်ခြင်းညိုမဲသွားလေသည်။

ထိုကလေး သူမမြင်ချင်ဆုံး လူသား၁ဦး။ နှင်းပွင့်လိုစွတ်စွတ်ဖြူကာ မျက်လုံးနက်လေးနှင့် နှင်းဆီနီလို နီရဲတွတ်နေသည့် နှုတ်ခမ်းဖူးဖူးလေးနဲ့ ယောက်ျားတန်မဲ့ လှပလွန်းလှသော မျက်နှာလေးပိုင်ဆိုင်ထားသော ဖြူစင်သောကလေးငယ်။

သူများပြောတာကြားဖူးသည်က ထိုကလေး ရှမ်းတိုင်းရင်းသားစပ်တယ်ဆိုလား။ ၁၆နှစ်နှင့် အရပ်မိုးထိုးနေသော နိုင်းအတွက်တော့ နိုင်းထက် ၂လခန့်မျှပိုကြီးသော ထိုကလေးသည် နီတာရဲပိုးတုံးလုံးလေးမျှသာ။

ထိုကလေးသည် နူးညံ့လှသော ဆံပင်ပျော့လေးတွေလဲ ပိုင်ဆိုင်ထားသည်တဲ့။နိုင်း တစ်ယောက် ထိုကလေးကို ဘာရယ်ကြောင့်မဟုတ် ကြည့်မရပေမဲ့ ထိုကလေး၏ ဆံပင်ပျော့လေးတွေကိုတော့ အထူးနှစ်သက်လေသည်။ ထို့ကြောင့် နိုင်း မကြာခဏ ထိုကလေး၏ ဆံပင်လေးတွေကို အသည်းယားစွာ သွားသွားဖွလေးရှိသည်။

ထိုကလေးကလဲ သူ့တစ်ကိုယ်လုံးမှာအဖိုးတန်ဆုံးသောဆံပင်ပျော့လေးတွေကို နိုင်းလာထိသည်ကို နည်းနည်းမျှမကြိုက်။နိုင်းဆံပင်လေးတွေကို သွားဖွသည်နှင့် ထိုကလေးနှင့်သူ ကမ္ဘာစစ်ဆင်နွှဲကြပြီဖြစ်သည်။ထိုကလေးမကြိုက်တာကြောင့်လား နိုင်းကိုယ်တိုင်ကိုက နှစ်သက်မြတ်နိုးနေ၍လားမသိ အသားအနာခံပြီး ထိုဆံပင်ပျော့လေးများကို နိုင်းမကြာခဏ မနေနိုင်မထိုင်နိုင် အသည်းတယားယားဖြင့် သွားသွားဖွတတ်သည်။

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now