အခန်း(၇)

14.5K 1.1K 9
                                    

[Zawgyi]

နိုင်းတို့ တက္ကသိုလ်တွေဖွင့်ပြီး ၂လခန့်တောင်ကြာမြင့်ခဲ့ပြီ။ဘာပြသနာမှမရှိ သက်တန့်နှင့် နိုင်းတို့ရဲ့ တက္ကသိုလ်လမ်းခရီးသည် အစစအရာရာချောမွေ့ခဲ့သည်။အရပ်ရှည်ရှည် ၀င်းဝါသောသောအသားအရည် ပြေပြစ်ချောမောလှသောသောရုပ်ရည်တို့ ပိုင်ဆိုင်ထားသော ရယ်လိုက်လျှင် သွားတက်လေးနှင့်နိုင်းသည် ရာဇူးတစ်ခွင် ပျိုမေများကြားရေပန်းစားခဲ့သည်။

အီးမေဂျာကင်းလေးနိုင်းဘေးတွင် အမြဲရှိနေတတ်သော အသားဖြူဖြူပရုပ်လုံးလေးအားလည်း မနာလိုသောပျိုမေမမများမှာ ဒုနဲ့ဒေးပင်။သက်တန့်သည် ပျိုမေတွေ၏ မျက်မုန်းကျိုးကိုခံရသလောက် လူပျိုကာလသားတစ်သိုက်၏ အရေးပေးမှုကိုတော့ တော်တော်လေးခံရသည်။သက်တန့်၏မိန်းကလေးဆန်သောရုပ်ရည် ဖွေးဆွတ်နေသောအသားအရည်များကြောင့်ပင်ဖြစ်မည်ထင်သည်။

ထိုအချက်သည်လည်း နိုင်း သက်တန့်ကိုကြည့်မရသော အချက်များထဲတွင်တစ်ခုအပါအ၀င်ဖြစ်လာလေသည်။
အတန်းများအားလုံးပြီးသော်လည်း ကျူတိုရီရယ်ရှိသေးသော နိုင်းတို့တစ်အုပ်စု ကျူတိုရီရယ်ချိန်လစ်ပြီး အင်းယားကန်ဘောင်သို့ အကြော်ဆိုင်ထိုင်ရန်ထွက်လာခဲ့သည်။

တစ်အုပ်စုလုံး လက်ပံပင်ဆက်ရက်ကျသလို ဆူညံနေသော်လည်း သက်တန့်တစ်ယောက် စကားဝိုင်းထဲဝင်မပါ သက်ပြင်းရှည်ကြီးတွေကိုသာ အကြိမ်ကြိမ်မှုတ်ထုတ်ရင်း ကန်ရေပြင်အားငေးကြည့်နေမိသည်ကို နိုင်းသတိထားမိသည်။

"သက်တန့်.... မင်းဘာတွေအဲ့လောက်တွေးနေတာလဲ..ခေါ်မကြားအော်မကြားနဲ့"

ဟုတ်တယ် နိုင်းသက်တန့်ကိုခေါ်နေသည်မှာ သုံးလေးခါမကတော့.. ကန်ရေပြင်ကိုသာ စိတ်တွေအပိုင်စိုးပေးထားသော သက်တန့်အား ခေါ်နေရသည်မှာ စိတ်မရှည်လှတော့ပေ.. ထိုကြောင့် အသံခပ်ပြတ်ပြတ်လေးနှင့် သက်တန့်အားအော်ခေါ်မိသည်။ထိုအခါမှ..ငသက အိပ်နေရာမှနိုးလာသောအခွက်နှင့် နိုင်းအား မချိုမချဉ်လေးပြုံးပြသည်။

"နိုင်း ငါမမကိုတွေ့ခဲ့တယ်..."

သက်တန့်ပြောသင့်မပြောသင့်စဉ်းစားပြီးမှ ကျောက်ခဲဆွဲထားသလိုလေးလံသော စိတ်အစုံဖြင့်ပြောမိသည်။နိုင်း အံ့ဩသွားသည်ကို သက်တန့်သိလိုက်သည်။

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now