[Zawgyi]
ထိုညက နိုင်းနှင့် သူညစာစားပြီး နိုင်း ပင်ပန်းလို့ဆိုပြီး အိပ်ရာစောစောဝင်သွားသည်။သူလဲ ပျင်းရိရိရှိတာနဲ့ အိပ်ရာစောစောပင်ဝင်ခဲ့သည်။သန်းခေါင်ယံတစ်ရေးနိုး ရေဆာသလို ရှိလာတာကြောင့် မီးဖိုခန်းထဲသွားမိတော့ ဘုရားခန်းထဲမှ ငြီးသံလိုလိုကြားလိုက်ရသောကြောင့် အပြေးလေးသွားမိသည်။
သေချာသည် ကိုနိုင်းတစ်ယောက်ဖျားနေပြီ..ပြောသားပဲ ဖျားမယ်ဆိုတာကို ပြောတော့လဲ ရန်တွေ့ချင်သေး အခုတော့စကားနားမထောင်တော့ဖြစ်ပြီမလား..
"နိုင်း..နိုင်း..မင်းဖျားနေပြီ လာ အခန်းထဲသွားရအောင် ငါ့ကိုတွဲ..ဒီမှာကအရမ်းအေးတယ်."
"ဟင်..သက်တန့်လား ရတယ် ရတယ် ငါဒီမှာအဆင်ပြေတယ်."
"ဘာကို အဆင်ပြေတာလဲ.... နာရင်းပိတ်အုပ်လိုက်ရ ဒီလောက်ချမ်းနေပြီး တဂစ်ဂစ်ဖြစ်နေတာကို..
လာပါငရစ်ရာ ဒီတစ်ခါတော့ ငါ့စကားနားထောင်လိုက်.. ငါဒီနေ့ဘုရားခန်းထဲမှာ အိပ်ပေးမယ်..
လာ လိမ္မာပါတယ်ကွာနိုင်းရာ~"
နိုင်း ဒီတစ်ခါတော့မငြင်းနိုင်တော့ပဲ သက်တန့်ခေါ်ရာနောက်သာလိုက်ခဲ့သည်။တကယ်လည်း သူအရမ်းချမ်းနေသည်မဟုတ်လား..သက်တန့်နိုင်းကိုဆေးသေချာတိုက်ကာ စောင်သေချာခြုံပေးပြီး ဘုရားခန်းထဲသို့လှည့်အထွက် လက်ကောက်ဝတ်ကို လက်အေးအေးတစ်စုံက လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။
"သက်တန့်...ငါအရမ်းချမ်းနေလို့..ဒီတစ်ညတော့ ငါနဲ့အိပ်ပေးပါလား"
ဖျော့တော့တော့နှင့်ပြောနေသောနိုင်း၏ အက်ရှရှစကားသံတို့ကြောင့် သက်တန့်၏လက်ဝဲဘက်နှလုံးသားတစ်စုံပါ အဖျားတက်ချင်သလိုဖြစ်လာသည်။
သို့သော် နေမကောင်းတဲ့သူကိုမထားခဲ့နိုင်သောကြောင့် နိုင်းဘေးတွင်သူဝင်လဲဖြစ်သည်။ချမ်းလွန်းလို့လားမသိ နိုင်း၏ခန္ဓာကိုယ်ပူပူနွေးနွေးကြီးက သူ့ရင်ခွင်ထဲတဖြည်းဖြည်းနှင့် တိုးဝင်လာခဲ့သည်။
ဦးနှောက်ရဲ့အမိန့်ပေးသံကိုမစောင့်နိုင် နှလုံးသားရဲ့စေခိုင်းမှုနှင့်ပင် သူနိုင်းကို တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။နိုင်း..မင်းဒီလိုအမြဲဖျားနေရင်ကောင်းမယ်ကွာ..ဟာကွာ မတွေးကောင်းတာတွေတွေးမိပြန်နေပါပြီ။
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...