အခန်း(၄)

15.9K 1.2K 18
                                    

[Zawgyi]

အတန်းတင်စာမေးပွဲတွေ ပြီးသွားသောတစ်နေ့ နိုင်းရော သက်တန့်ပါ ကျောင်းကသူငယ်ချင်း တစ်သိုက်နှင့် ပြင်ဦးလွင်သို့ အပျော်ခရီးထွက်ခဲ့ကြသည်။ပန်းချစ်သောသက်တန့်တစ်ယောက် ပန်းမြို့တော်တွင် သူချစ်သောပန်းများအားတွေ့ရသောကြောင့် အပျော်ကြီးပျော်နေသည်။ ပြင်ဦးလွင်အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ ၀င်လည်ကြတဲ့ အခိုက်အတန့် သက်တန့်တစ်ယောက်အမြီးပင် လိုက်ဖမ်း၍မရတော့ပေ။

ဥယျာဉ်ထဲတော်တော်လေးခြေညောင်းခံရှာပြီးမှ အဖြူရောင်အနီရောင်ပန်းလေးများနှင့် အလှဆင်ထားသော ပန်းချုံကြီးဘေးတွင် လောကကြီးမှာ သူ့ကလေးပန်းလေးများနှင့် သူပဲရှိသည်အလား ငေးမောနေသည့် သက်တန့်ကိုရှာဖွေတွေ့ရှိလေသည်။hoodieအနီလေးနဲ့ ကိုက်ဆွဲချင်စရာကောင်းနေသော ထိုကလေးပိုးတုံးလုံးလေးအား နိုင်းမြင်သည်နှင့် စချင်စိတ်ပေါ်လာသောကြောင့် ထိုကလေးနောက်တွင်မသိမသာရပ်ကာ အသံကုန်ဟစ်အော်လိုက်သည်။

ပရုပ်လုံးကောင်တော်တော်လန့်သွားနှင့်တူသည် ။ ဖင်ထိုင်ရပ်နှင့်ပြုတ်ကျသည်။ကိုရိုးကားယားနိုင်လှသော သက်တန့်ကို ကြည့်ပြီး နိုင်းတစ်ယောက်အားရပါးရရယ်မောပြီးမှ သက်တန့်ဘေးနားဝင်ထိုင်ကာ သူအသိချင်ဆုံးသောမေးခွန်းတစ်ခုကိုမေးလိုက်သည်။

"ဟျောင့် သက်တန့်...မင်းပန်းတွေကိုအရမ်းပဲချစ်တာလား..."

သက်တန့်ထံမှ တိုးညှင်းသောလေသံလေးနဲ့ "အင်း.."ဆိုသော ဖြေသံတစ်ခုလေးကို သူကြားလိုက်ရသည်။

"သက်တန့် မင်းဘာလို့ ပန်းစိုက်ရတာ ဝါသနာပါတာလဲ.... ပန်းစိုက်တယ်ဆိုတာ မိန်းကလေးအလုပ်လေ မင်းက မိန်းကလေးလဲ မဟုတ်ပဲ ..."

"နိုင်းရ တကယ်တော့ပန်းစိုက်တယ်ဆိုတာ ကမ္ဘာ ပေါ်မှာရှိတဲ့ အလှဆုံးနဲ့ အနူးညံ့ဆုံးအရာလေးတွေကို မွေးထုတ်ပေးရတဲအ့လုပ်ပဲ..

မိခင်ဝမ်းကနေ လွတ်မြောက်လာတဲ့ သားငယ်ကို ကြည့်ပြီးဖြာတဲ့ အမေ့ရဲ့ ပီတိမျိုး ငါတို့လို ပန်းစိုက်သမားတွေဆီမှာလဲ ရှိတယ်ကွ..

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now