အခန်း(၂၇)

14.3K 892 6
                                    

[Zawgyi]

ပျားပန်းခပ်မတတ်လှုပ်ရှားနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအတွင်းတွင် သာယာကြည်လင်နေသော ရာသီဥတုနှင့်ဆန့်ကျင်ဘက် ကောင်လေးနှစ်ယောက်ရဲ့ရင်တွင်းရာသီဥတုမှာမသာယာနိုင်ဖြစ်နေသည်။မသာယာနိုင်ဆို ထိုကလေးနှစ်ယောက်မှာ မနေ့ကမှ လောလောလတ်လတ်လက်ထပ်ထားသော ကြင်စဦးမောင်နှံဖြစ်နေသည်လေ..နိုင်း၏ကတိစကားကြောင့် နိုင်းဖေဖေနှင့်မေမေသည် နိုင်းနှင့်သက်တန့်ကို နှစ်ဘက်မိဘစုံလင်စွာဖြင့် ပြင်ဦးလွင်ရှိ သာယာလှပ၍ အေးချမ်းဖွယ်အတိပြီးနေသော ခရစ်ယာန်ဘုရားကျောင်းလေးတစ်ခုတွင် လက်ထပ်ပေးခဲ့သည်။

NINEဟူ၍ရေးထိုးထားသောလက်စွပ်လေးနှင့်THET TANT ဟူ၍ရေးထိုးထားသောလက်စွပ်လေး အပြန်အလှန်ဆင်မြန်းထားသော ထိုချစ်သူနှစ်ဦး ရင်ထဲတွင် ဘယ်လောက်ကြည်နူးဝမ်းသာ၍ အချစ်များစွာဖြင့် ပျော်ရွှင်နေသည်ကို မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်အပေါင်းရဲ့ ရင်ထဲဝယ်ထပ်တူခံစားနေကြရပေသည်။ ဖြူစင်လှပသော ချစ်ခြင်း၏စွမ်းပကားများကြောင့် ထင်သည်.....

သို့သော် ချစ်သူနှစ်ဦး၏အပျော်တွေကြာရှည်တည်တံ့ပုံမရလိုက်...နိုင်းအဖေ၏တစ်ချက်လွှတ်အမိန့်ဖြင့် လက်ထပ်ပြီးနောက်နေ့ဆိုလျှင် နိုင်း ဘန်ကောက်ရှိ သူ့ဖေဖေကုမ္ပဏီခွဲသို့သွားရတော့မည်။

ဟာကွာ~ဘယ်လိုတောင်ရက်စက်တဲ့ကံကြမ္မာကြီးလဲ လက်ထပ်ပြီးပြီးချင်း ပျားရည်ဆမ်းခရီးတို့ဘာတို့မပြောနဲ့ ချစ်ရသူခင်ပွန်းအား တစ်နှစ်ကြီးတောင်ထားခဲ့ရတော့မည်....တိုင်နဲ့ခေါင်းနဲ့စောင့်ပြီးပြေးပြေးသာငိုလိုက်ချင်တော့သည်။

ကြားထဲ အနှီကောင်လေးက ဒီကလူမှာ သူ့ကိုမခွဲနိုင်လို့ ရင်တွေကွဲမတတ်ဖြစ်နေရပါတယ်ဆို..မင်းကိုငါယုံတယ် မင်းလဲငါ့ကိုယုံတယ်မလား စိတ်ချလက်ချသာသွားဆိုပြီး အပြုံးတောင်မပျက်....အင်းဒီတစ်ခါတော့ကံကြမ္မာကို မဆိုသလောက်လေး ယုံလိုက်ပါမယ်လေ..အပြည့်အ၀တော့ မယုံရဲသေး..

"နိုင်း..ထတော့လေ..ဟိုမှာကြေညာနေပြီ..."

"သက်တန့်....ငါ....."

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now