အခန်း(၁၄)

14.3K 976 7
                                    

[Zawgyi]

သက်တန့်တို့နှစ်ယောက် ကျောင်းထဲသို့ရောက်သည်အထိ စကားမပြောဖြစ်ခဲ့ကြ။ကျွဲကြီးတို့ရောက်လာချိန်တွင်တော့ သက်တန့်အားပုခုံးဆွဲဖက်လိုက်သော နိုင်း၏အပြုအမူကြောင့် သက်တန့်တော်တော်လေး ကသိကအောက်ဖြစ်သွားသည်။

သို့သော်လက်ရှိအခြေအနေကို ချက်ချင်းသဘောပေါက်လိုက်မိသောကြောင့် နိုင်းနှင့်အတူ နိုင်း၏အလိမ်အညာသံသရာထဲ အသာအယာစီးမျောနေလိုက်သည်။အမှန်တိုင်းပြောရရင် တော်တော်လေးခံရခက်သည်။ကိုယ်ကိုမချစ်သော ကိုယ်ကသာချစ်နေရသော ချစ်သူ၏ဟန်ဆောင်ပြဇာတ်တွင် စည်းချက်အညီ လိုက်ကမိနေသော မိမိကိုယ်မိမိလဲ အားမလိုအားမရလဲဖြစ်လာသည်။

"နိုင်း...မင်းငါတို့ကို နိုင်ချင်တာနဲ့ သက်တန့်ကို ချုပ်ဆေးကျွေးလိုက်တာတော့မဟုတ်ပါဘူးနော်"

ကျော်စွာရဲ့ မယုံကြည်ခြင်းများစွာနဲ့မေးသော မေးခွန်းကြောင့် သက်တန့်စားလက်စ ထမင်းကြော်တောင်သီးချင်သွားသည်။နိုင်းကတော့ ကျော်စွာ၏အမေးအပေါ် ဘာမှ ထူးဆန်းသည့်အရိပ်အယောင်မပြ သူ့ထုံးစံအတိုင်းသာ ထမင်းကြော်ကို မူမပျက်ဆက်စားနေသည်။နိုင်း ပြုံးလိုက်သည်လား..

သူတွေ့လိုက်သည်သာမမှားလျှင် ထိုအပြုံး နှစ်လိုအားရစွာပြုံးသောအပြုံး။နိုင်းစားနေရင်းနှင့် သက်တန့်ထမင်းကြော်ပန်းကန်ထဲမှ ကြက်ဥကြော်အနှစ်ကို သူ့ပန်းကန်ထဲထည့်လိုက်ပြီး သူ့ပန်းကန်ထဲမှ ကြက်ဥကြော်အကာကို ပြန်ထည့်ပေးနေသည်။သူကြက်ဥအနှစ်မစားတာ နိုင်းမှတ်မိသေးသည်ပေါ့ ရင်ထဲလှိုက်တက်လာသော ၀မ်းသာပီတိ~~

ကျွဲကြီးတို့ထွက်သွားမှ နိုင်းပြောလိုက်တဲ့ စကားသည် သူရဲ့စိတ်ကူးယဉ်ကမ္ဘာ မှ နိုးထသင့်ပြီဟု အသိပေးလိုက်သယောင်။"မင်းကိုခုနကဆက်ဆံတာတွေကို သာယာမနေနဲ့..ငါ့ဇာတ်လမ်းအတိုင်းမင်းကရမှာ..မင်းတာဝန်"ဟူသော နိုင်းရဲ့ တစ်ဖက်သတ်ဆန်လွန်းသော အမိန့် ။

အားးးး..မွန်းကြပ်လိုက်တာကွာ~

ညနေအိမ်ပြန်ရောက်တော့ ဖေဖေဘာတွေဒေါပွနေလဲ နိုင်းမသိတော့။ဒီနေ့တစ်နေ့လုံးလဲ နိုင်းစိတ်တွေရှုပ်နေသည်။အဲ့တာဟိုကောင် သက်တန့်ကြောင့်..အဲ့နှုတ်ခမ်းဖူးဖူးတွေ နာကျင်နေတဲ့မျက်နှာနဲ့ အဲ့သီချင်းကိုလိုက်ဆိုနေရလား သူ့စိတ်တွေအခုဘာတွေဖြစ်နေမှန်းမသိတာက အဲ့အရူးကြောင့်~ဖေဖေသူ့ကိုဒေါသတကြီး အော်လိုက်ခါမှ သူ့စိတ်အစဉ်တို့ ပြန်လည်အစိုးရလာသည်။ ဖေဖေဘာပြောလိုက်လဲ သူမကြားလိုက်။သူ့နားထဲတ၀ီဝီအသံတို့သာ ကြားလိုက်ရသည်။

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now