[Zawgyi]
နေ့လရက်တွေ အလီလီပြောင်းလဲလာလိုက်တာ ဘာလိုလိုနဲ့ သက်တန့်နှင့်နိုင်းခွဲနေရတာ 7လနှင့်28ရက်ပင်ရှိနေပြီဖြစ်ကြောင်း သက်တန့်ရဲ့မှင်နီရာများဖြင့်ပြည့်နှက်နေသော တစ်ခုတည်းသော ပြက္ခဒိန်လေးကလဲ သတိပေးနေဟန်..သို့သော် သက်တန့်နှင့်နိုင်းက လူချင်းမနီးစပ်ပေမဲ့ နှလုံးသားချင်းနီးစပ်နေသည်မဟုတ်လား..
ညတိုင်းVc ခေါ်ရင်းဖြင့်ပင်နှစ်ယောက်သားရဲ့ အလွမ်းဝေဒနာကို ကုစားခဲ့ကြရသည်သာ..
အခုလဲ နိုင်းကိုလွမ်းနေသောကြောင့် သက်တန့်ဆိုင်ကိုခဏပိတ်ထားကာ ပြင်ဦးလွင်ရှိအိမ်လေးသို့် ခဏပြန်လာဖြစ်ခဲ့သည်။အိမ်လေးထဲတွင်လည်း နိုင်းနှင့်သူရဲ့ အမှတ်တရ ပုံရိပ်တွေက အပြည့်ပဲပေါ့..သက်တန့်ခံနိုင်ရည်မရှိတော့..စွတ်စိုစီးဆင်းလာပြီဖြစ်သော မျက်ရည်စီးကြောင်းနွေးနွေးကို သက်တန့်ပါးပြင်ထက်တွင်ခံစားလိုက်ရသည်..
လွမ်းလိုက်တာ နိုင်းရာ..
သက်တန့်မျက်ရည်တွေကို သုတ်လိုက်ပြီး ခြံထဲတွင် ပန်းပျိုးရန်ဆင်းလာခဲ့သည်..ခြံထဲရောက်တော့လဲ မယ်မယ်ရရဘာမှ မလုပ်ဖြစ်ခဲ့..ဟိုးထိုးဒီဆွနဲ့သာ အချိန်ကုန်နေသည်..
ပန်းပျိုးတာမဟုတ်ပဲ ပန်းတွေကိုထိုးဆွနေသော သက်တန့်တစ်ယောက် နောက်မှခြေသံလိုလိုကြားရ၍ လှည့်ကြည့်မည်လုပ်တော့ လည့်ကြည့်ဖို့တောင်အခွင့်အရေးမရလိုက် မြန်ဆန်သော လက်တစ်စုံက သူမျက်လုံးနှစ်ဖက်ကို ချက်ခြင်းအုပ်မိုးလိုက်သည်..
ဘယ်သူကြီးလဲ သူဓားပြများတိုက်ခံနေရတာလား..မဟုတ်သေး ဓားပြက သူကိုအခုလိုရိုဆန်ဆန် မျက်လုံးကို ပိတ်ပစ်မည်မဟုတ်..
"ဘယ်သူလဲ..."
အသံတိုးတိုးဖြင့် ထိတ်ထိတ်လန့်လန့် နှင့်မေးနေသေးတာတောင် နောက်ကလူဆီမှ ပြန်ဖြေသံမကြားရသေး..ဒီလူမကြားလို့များလား..အခုချိန်မှာ ကိုယ်လဲယောက်ျားသားဆိုပေမဲ့ ဒီလူက အများကြီးခေါ်လာရင် သူကတစ်ယောက်တည်း..ဘာမှခုခံနိုင်မည်မဟုတ်..
မ၀ံ့မရဲဖြင့် သူမျက်လုံးများပေါ်အုပ်ထားသော ထိုလူ၏လက်များအပေါ်ဖြည်းဖြည်းချင်း စမ်းကြည့်မှ..ဟင် ဒီလက်ချောင်းသွယ်သွယ်တွေ...လက်သူကြွယ်က လက်စွပ်လေး..အနားပိုးတိုးကပ်လာမှ လေညှင်းနဲ့အတူ သဲ့သဲ့လေးဝင်ရောက်လာသော ရင်းနှီးနေကြ ကိုယ်သင်းနံ့လေး..
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...