အခန်း(၉)

13.8K 1K 8
                                    

[Zawgyi]

နောက်တစ်နေ့မနက် မနေ့ကမုန်းမာန်မပြေသောမိုးကြောင့် ဖျားနေသော သက်တန့်အခန်းထဲသို့ ဒေါကြီးမာန်ကြီးနှင့်ဝင်လာသော နိုင်းကြောင့် သက်တန့်ထိတ်လန့်သွားသည်။နိုင်း သူ့ကိုမုန်းနေသည်မလား ဒီအခန်းထဲကို နိုင်းခြေချလာစရာအကြောင်းမရှိပေ။

အခန်းထဲရောက်သည်နှင့် ဒေါသမီးတို့တောက်လာင်နေသော နိုင်း၏မျက်ဝန်းညိုတစ်စုံကိုတွေ့လိုက်ရသောကြောင့် သက်တန့်တုန်လှုပ်မိသွားသည်။

တစ်ဆက်တည်း နိုင်း ဒေါသနှင့်သူ့မျက်နှာအားကောက်ပေါက်လိုက်သော စာအုပ်လေးကိုကြည့်လိုက်မိမှ သက်တန့်ထိတ်လန့်ခြင်းများစွာနှင့် နိုင်းကို ပြန်ကြည့်လိုက်မိသည်။သူ့ရဲ့ဒိုင်ယာရီစာအုပ်လေး... သူနိုင်းကိုဘယ်လောက်ချစ်ကြောင်းရေးဖွဲ့ထားသည့်စာစုလေးတွေပါသည့် သူ့ရဲ့အဖိုးတန်ဒိုင်ယာရီစာအုပ်လေး..

နိုင်းဘယ်လိုများတွေ့သွားတာပါလိမ့်..သက်တန့်ဘ၀တွင် တစ်ခါမှ မကြောက်ဖူးသော အကြောက်တရားမျိုးဖြင့် နိုင်းကိုကြောက်နေမိသည်။နိုင်း ဘာလို့ဒီလောက်ခက်ထန်ကြမ်းတမ်းသွားရတာလဲ နိုင်းရဲ့ ကြောက်မယ်ဖွယ် မျက်ဝန်းညိုတွေကို သူတစ်ခါမှ မမြင်ဖူးခဲ့

တစ်ညလေးအတွင်းမှာ သူသိသောနိုင်းသည် နူးညံ့လှသောကြောင့် သူကလေးပန်းလေးများနှင့်တင်စားခဲ့ရသောသူပင်ဖြစ်သည်။

နိုင်းရဲ့နှလုံးသားခက်ထန်သွားအောင် သူလုပ်ဆောင်ခဲ့မိလေပြီလား ငါတောင်းပန်ပါတယ်နိုင်းရယ်...

"သက်တန့်... မင်း ဒီကိစ္စရှင်းစမ်းပါဦး..ပြောပါဦး မင်းရဲ့စကားလုံးလှလှတွေနဲ့.."

"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာဘာမှဖြေရှင်းစရာမရှိဘူးနိုင်း..ငါတောင်းပန်ပါတယ် နိုင်း..."

"ဘာကိုလဲ.."

"မမအတွက်ရော..မင်းကိုချစ်မိတဲ့အတွက်ပါ.."

"ဘာမင်းက ငါ့ကိုချစ်တယ်ဟုတ်လား သက်တန့်..ကမ္ဘာ့ရယ်စရာအကောင်းဆုံးဟာသပဲ သက်တန့်..ငါက မင်းကိုဖြူဖြူစင်စင်လေးလို့ထင်ထားတာ လက်စသတ်တော့ မင်းက gay ကြီးပဲ..ဟား.ဟားး"

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now