[Zawgyi]
"သက်တန့် dateလုပ်ရအောင်"
ညစာတူတူစားနေရင်းမှ ရုတ်တရက်ကြီးကောက်ကာငင်ကာပြောလာသောနိုင်း..သက်တန့်လည်း အံ့ဩစွာဖြင့်သမီးလေးကိုထမင်းကျွေးနေခြင်းမှခဏရပ်ကာ နိုင်းအားနားမလည်သောမျက်လုံးအစုံနှင့်ကြည့်မိလိုက်သည်..
"ဟုတ်တယ် မနက်ဖြန်သမီးလေးကျောင်းသွားနေတဲ့အချိန်dateရအောင်"
"ကြားသားမိုးကြိုး ဘာထဖြစ်တာတုံးနိုင်းရ.."
Dateလုပ်ရန်ပြောသည်ကို အလန့်တကြားတုံ့ပြန်လာသော ကျနော့်အမျိုးကောင်းသား မောင်ရင်သက်တန့်ကြောင့် နိုင်းပြုံးမိသည်..
ကျနော့်ရဲ့တဇွတ်ထိုးဆန်မှုကြောင့် ချစ်သူဘ၀တောင်မဖြတ်သန်းလိုက်ရပဲ အိမ်ထောင်သည်ဘ၀ကိုချက်ခြင်းလက်ငင်းကူးပြောင်းလိုက်ရသောသက်တန့်အားအမှန်တကယ်ပင် အားနာမိသည်..ထို့ကြောင့် ချစ်သူရည်းစားဘ၀ခံစားချက်များကို ချစ်ရသူအား ပြန်လည်ပေးနိုင်ရန် စီစဉ်မိခြင်းဖြစ်သည်..
"မင်းစိတ်ကူးယဉ်Dateပုံစံက ဘယ်လိုမျိုးလဲ သက်တန့်..သမီးလေးမပါပဲ..သာမန်ချစ်သူရည်းစားဘ၀ dateကိုပြောကွာ.."
"ဒိတ် ဒိတ် ဖေဖေ ဖေကြီးက ဒိတ်တဲ့ မီးမီးလည်းဒိတ်မယ်..ရဘူး ဗြဲ..."
"သမီးမပါပဲ"ဟူသောစကားသံကြောင့် သက်တန့်ထမင်းခွံကျွေးနေသည်ကို ငြိမ်စားနေသော သမီးဖိုးဝလုံးလေးကြားကာ ထငိုနေလေသည်..
"ဖေဖေ့သမီးလေးလည်းဒိတ်ချင်တာလား အေးလေဖေကြီးကလဲ ဘာမှန်းလဲမသိဘူး နေပါဦးဖေဖေ့ယွန်းယွန်းလေးက ဒိတ်ကိုသိလို့လား..ပြောပါဦး.."
သက်တန့်အာပြဲကြီးနှင့်ငိုနေသောသမီးလေးကို နမ်းရှုံ့ရင်း သမီးလေးအားစလိုက်သည်..ထိုအခါမှဖိုးဝလုံးသမီးလေးအားက သူ့ဝက်နှုတ်ခမ်းအားတစ်တောင်လောက်ထော်ကာ သူအဖေနိုင်းကို လက်ညိုးငေါက်ငါက်ထိုးလေတော့သည်..
"တိဘူး တိဘူး ဒိတ်လဲ တိဘူး ဖေကြီး မီးမီးကို မဒိတ်ရင် မီးမီးက ချိတ်ကောက်မှာ ဗြဲ...~~"
"ဟား ဖေကြီးသမီးလေးက ဖေကြီးနဲ့ဒိတ်ချင်လို့လား ဒါပေမဲ့ဖေကြီးက သမီးဖေဖေနဲ့ပဲဒိတ်ချင်တာ ဟား ဟား..သမီးလေးကတော့ မူကြိုသွား ပြီးရင်မူကြိုကကောင်လေးနဲ့ဒိတ်နော် ဟား ဟား.."
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...