[Zawgyi]
"မသွားတော့ဘူး.."
လေတိုးသံလားတောင်မသဲကွဲ ချစ်သူနှုတ်ဖျားက တိုးညှင်းစွာထွက်ပေါ်လာသော တုံ့ပြန်မှုလေးတစ်ခု..ငါတောင်းပန်ပါတယ် သက်တန့်..မင်းငါ့အနားကပျောက်ကွယ်သွားမှာစိုးရိမ်လို့ပါ....
သက်တန့်ပြောပြီးနောက် နှုတ်ဆက်ခြင်းကင်းစွာနဲ့ အခန်းထဲပြန်ဝင်သွားတော့ သူမလိုက်ဖြစ်ခဲ့တော့...ကလေးမျက်နှာမှာ လွန်စွာနာကျင်ကြောင်းတွေပြနေသည်လေ..ရောင်နီတွေရုတ်သိမ်းပြီး မြောက်လေအေးက နားခိုရာစံအိမ်တော်လေးသို့ ခိုဝင်လာသည်။သက်တန့်တစ်ယောက် နိုင်းကိုစိတ်ဆိုးဆိုးနဲ့ တစ်နေ့ကုန်အခန်းထဲအောင်းနေခဲ့ရာမှ အညောင်းချိလာပြီဖြစ်သောကြောင့် ခြံထဲသို့လမ်းဆင်းလျှောက်ထွက်လာစဉ် အဝေးကလွှင့်ပျံလာသော ဂစ်တာသံသဲ့သဲ့နှင့် သီချင်းသံလေး...ခြံထဲဥယျာဉ်တွင်းရှိ အုတ်ခုံလေးတွင် နိုင်းသီချင်းဆိုနေသည်ပဲ...
"နာကျင်နေတဲ့ အသည်း..ဟန်ဆောင်လို့ထားတယ်..ငါ့ရဲ့အမုန်းတွေ
တဖြည်းဖြည်းမျက်ရည်ဖြစ်ပြီ...ဘယ်သူတွေ ဘာပြောမလဲ ယုံကြည်လက်တွဲခဲ့...
တို့နှစ်ယောက်အချစ်တွေအဆုံးသတ်ဖို့အချိန်ရောက်ပြီ...မချစ်တော့ဘူးလို့ပြောတဲ့စကားမှာ အချစ်တွေပါသေးတယ်..လမ်းခွဲဖို့အတွက်နှုတ်ဆက်လည်း..အကြည့်မှမလွှဲနိုင်ပဲ~
မုန်းလိုက်ပါတော့ကွယ်..တကယ်ကိုမကောင်းတဲ့ ငါ့အတွက် ဘာ့ကြောင့်ငိုကြွေးမလဲ...
မင်းရဲ့မျက်ရည်စတွေနဲ့အတူပဲ ငါ့အတွက်အချစ်တွေလဲ မေ့ပစ်လိုက်ပါကွယ်..ရေး..~ရေ...နောက်ထပ်မချစ်ပါနဲ့..~
ဘယ်လိုကံတရားလဲ တို့်နှစ်ယောက်ချစ်ပေမဲ့ ဒီဘ၀နှစ်ခုပေါင်းစပ်ဖို့အတွက် မဖြစ်နိုင်တယ်...
အတူနေချင်သေးလဲ ဘာတစ်ခုမှ မကောင်းတဲ့ ငါ့ရဲ့အဝေးဟာ ရေရှည်မင်းဘ၀အတွက် အသင့်တော်ဆုံးပဲ...ငါ့ရဲ့ဘ၀မှာ..နင့်လို..~~~"
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...