အခန်း(၁၆)

14.9K 1K 10
                                    

[Zawgyi]

ပြင်ဦးလွင်သို့ရောက်ပြီးနောက်ရက်မှာပင် သက်တန့်ဖေဖေ၏ အမွေပြတ်စွန့်လွှတ်ကြောင်းသတင်းစာထဲပါလာသည်။အစကတည်းက ဘာမှမရှိသူမို့ သိပ်ဝမ်းမနည်းမိသော်လည်း သူ့၏တစ်ဦးတည်းသောသားကိုလဲလည်းမစွန့်လိုက်နိုင် အရှက်နှင့်ဂုဏ်သိက္ခာကိုလည်းမလဲနိုင်သော နိုင်းဖေဖေသည် အမွေပြတ်မစွန့်လွှတ်သော်လည်း ငါသေရင်တောင်မလာနဲ့ဆိုသော နိုင်းဖေဖေ၏ တစ်ချက်လွှတ်အမိန့်ကြောင့် နိုင်း ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေမလဲ တွေးမိတော့ သူအတော်လေးငိုချင်မိသွားသည်။

မင်းကိုချစ်တဲ့ငါ့
အချစ် မင်းငါ့အပေါ်မုန်းတဲ့အမုန်းတွေကြောင့် ဘာလို့ ငါတို့ဘာလို့ အဲ့လောက်တောင် နာကျင်နေကြရတာလဲကွာ ~

ပြင်ဦးလွင်ရောက်ပြီးထဲက နိုင်းသည် ခြံတွေကိုတတ်နိုင်သလောက်ဦးစီးသည်။နိုင်းကိုစိတ်ဆိုးနေသော်လည်း အစကတည်းက ဒီခြံတွေကို နိုင်းကိုပေးဖို့ရည်ရွယ်ထားသော နိုင်းဖေဖေသည် နိုင်းကို လုပ်ပိုင်ခွင့်အပြည့်အ၀ပေးထားသည်။

ဒီရောက်ထဲက နိုင်းတစ်စက်လေးမှမနားရသေး..ခြံအလုပ်တွေရော မန္တလေးက ဟိုတယ်လုပ်ငန်းတွေရောနှင့်ပါ လုံးလည်ပတ်ချာရိုက်နေသည်။သူနှင့်လဲ စကားသေချာမပြောရသေး။မနက်ဆိုလျှင် သူပြင်ပေးသော မနက်စာကိုစားပြီး ခြံတွေဘက်ဆင်းသွားသည်။

ညဘက်ညစာစားချိန်နီးခါနီးမှ ပြန်လာပြီး သူအဆင်သင့်ပြင်ပေးထားသော ညစာကိုစားပြီး စောစောအိပ်ရာဝင်သွားလေ့ရှိသည်။ စကားလဲ ဟုတ်တိပက်တိမပြောဖြစ်ခဲ့..နိုင်း သူကိုရှောင်နေသလို ခံစားရသည်။

"နိုင်း~"

သူ့ခေါ်သံကြား၍ နိုင်း စားလက်စ ဇွန်းကို ချထားပြီး သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။

"နိုင်း..ငါအလုပ်လေးတစ်ခုခုလောက် လုပ်ရင်ကောင်းမလားလို့.."

"ဘာလဲ ငါ့လက်ကထွက်ပြေးဖို့လား..~"

အဲ့ခနတဲ့တဲ့စကားတွေကို သူတကယ်မုန်းသည်။အခုချိန်မှာ မင်းကလွှတ်ပေးမယ်ဆိုတာတောင် ငါကမရမကမင်းကို ကပ်တွယ်နေဦးမှာ နိုင်းရ~

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now