[Zawgyi]
တိမ်ခိုးတိမ်ငွေ့တွေနှင့် ဝါဂွမ်းပုံကြီးနှယ် တန်ဆာဆင်နေသော ကောင်းကင်ဖြူကြီးကို သက်တန့် ကလေးတွေအား အာဟာရဓာတ်စာကျွေးနေရင်း အမှတ်မထင်မော့ကြည့်မိသည်။ကြီးကျယ်ခမ်းနားလိုက်သော နှစ်ထပ်အိမ်ကြီး၏ တစ်ခုသော ၀ရံတာတွင် ဆေးလိပ်ငွေ့တွေကြားမှ သူ....ချစ်ရသောနိုင်း.။
ဆေးလိပ်ငွေ့တွေအားလေးပင်စွာမှုတ်ထုတ်ရင်း ကောင်းကင်ဖြူဖြူအား လွမ်းဆွေးစွာ ငမ်းမောကြည့်နေသော နိုင်းအား သူကြည့်လိုက်ပြီး ဘယ်ဘက်ရင်အုံမှ ဆစ်ခနဲဖြစ်သွားသည်ကို သူ ခံစားလိုက်ရသည်။
သူနေထိုင်ရာဝန်းကျင်ကို တစောင်းလေးငဲ့ကြည့်မိလိုက်သောအခါ ချစ်ရသူဘုရင်လေး နိုင်းစံရာ နန်းတော်အလား ခမ်းနားထည်ဝါသော စံအိမ်တော်နှင့် မလိုက်ဖက်စွာ တည်ရှိနေသော ခြံဝန်းနောက်ဘက်ရှိ တစ်ထပ်သွပ်မိုးပျဉ်ထောင်အိမ်လေးသည် သူ့အားလှပစွာ ပျက်ရယ်ပြုနေပေသည်..
မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာသော နိုင်းနှင့် ဖခင်စီးပွားပျက်သောကြောင့် ဘ၀ကိုဖြစ်သလိုရှင်သန်နေရသော သူ့ဘ၀မှာ မိုးနဲ့မြေကြီးလို အင်မတန်အလှမ်းဝေးလေသည်။
မမှီတဲ့ပန်းကို တုံးခုမလှမ်းချင်... သူသည် ထိုပန်းလေးကို လက်နဲ့ကိုယ်တိုင်ကိုယ်ကျစိုက်ပျိုး၍ ထိုပန်းလေးအားနေ့စဉ်အမျှ ငေးကြည့်နေခွင့်ရချင်ရုံလေးသက်သက်သာ..
အစစအရာရာ နတ်ဘုရားလို ပြီးပြည့်စုံနေတဲ့ မင်းကိုချစ်ရတာ ငါ့အတွက်တော့ ချိုမြိန်သောငရဲပါ ချစ်ရသူရယ်...
သူတစ်ယောက်တည်း အတွေးပင်လယ်ထဲနစ်မြောနေပြီးနောက် နိုင်းရှိနေသော ဝရံတာလေးကို ခိုးကြည့်မိပြန်သည်။နိုင်း မရှိတော့..
အခုနောက်ပိုင်း နိုင်းတစ်ယောက် စီးကရက်ကို အရင်ကထက် ခုံမင်စွာပိုသောက်လာသည်။သူမကြိုက်သော်လည်း ပိုင်လဲမပိုင် ဆိုင်လဲမဆိုင်သော ချစ်ရသူကို သူဘာမှ မပြောနိုင်ပေ။သို့သော် နိုင်းတစ်ယောက် သူ့အပေါ်စိတ်ကောင်းရှိသေးသည်ကိုသိရသောအခါ သူရင်ထဲ မပြောပြတတ်သောခံစားမှုနွေးနွေးနှင့် ကြည်နူးမိသည်။အရင်လိုပဲ ဆေးလိပ်ငွေ့နှင့်မတည့်သောသူနှင့်ဝေးရာမှာပဲ နိုင်းဆေးလိပ်သောက်သည်လေ...
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...