[Zawgyi]
ရောင်ခြည်ရဲ့ခေါ်ဆောင်မှုနင့်အတူ နိုးထလာသောကျနော့်ကို မယုံကြည်နိုင်လောက်အောင်ထူးဆန်းသော အရာများကစောင့်ကြိုနေသည်။ရေချိုးခန်းထဲတွင် အသင်ပြင့်ထားသော သွားတိုက်ဆေးနှင့်သွားပွတ်တံ...အဆင့်သင့်ခုံပေါ်တင်ထားသော မီးပူတိုက်ပြီးသားကျနော့်အ၀တ်အစားတစ်စုံ..
မီးဖိုခန်းထဲရှိထမင်းစားပွဲပေါ်တွင် တင်ထားသော ကော်ဖီပူပူတစ်ခွက်နှင့် ကြက်ဥပေါင်မုန့်ကြော်တစ်ပွဲ...ဒါတွေအားလုံး နိုင်းလုပ်ပေးထားတာလား...မဖြစ်နိုင်ဟုတွေးမိသော်လည်း..ဒီအိမ်တွင် ကျနော်နှင့်သူနှစ်ယောက်သာရှိသည် သူမလုပ်လျှင် ဘယ်သူလုပ်မည့်သူမရှိ...နိုင်းကျနော့်အတွက် အစစအရာရာပြင်ဆင်ပေးထားသည်မှာ ထူးဆန်းလွန်းသည်မဟုတ်လား....
မနက်အိပ်ရာထမှစ၍အခုမနက်စာစားပြီးသည်အထိ နိုင်းအရိပ်အယောင်ကိုမတွေ့ရသေး..အလုပ်များသွားပြီလား..ကားလဲရှိသေးတယ်ဆိုတော့ ဈေးများသွားတာလား..
ဒါမှမဟုတ် မနေ့ညကကိစ္စကြောင့် မျက်နှာပူလို့ရှောင်နေတာများလား..အမှန်တိုင်းပြောရရင် ကျနော်လည်း နိုင်းနှင့်မျက်နှာချင်းမဆိုင်ရဲသေး ယစ်မူးစေသောအထိအတွေတစ်ခုတွင် သာယာခဲ့မိသော ကျနော့်ကို ကျနော်စိတ်ဆိုးမိသည်...
နိုင်းဘာကြောင်ကျ့နော်အပေါ်ဘာကြောင့် အဲ့လိုတွေလုပ်ခဲ့သည်ကိုမသိ... မုန်းလွန်းလို့လား..၀တ်မှုံနဲ့ရှိနေတာမကြိုက်လို့လား..ကျနော်ပြောပါတယ် တစ်ခါတလေ ကျနော့်ဘက်လဲနဲနဲမှထည့်မစဉ်းစားပဲ.. သူ့အတွက်သာသူသိတဲ့အဲ့အရူးကောင်ရဲ့ အတွေးတွေကို လိုက်မမှီဘူးဆိုတာ..နည်းနည်းလေးလှုပ်ရင်တောင်နာနေသော
ကျောကြောင့်လဲ ကျနော်သူ့မျက်နှာစေ့စေ့မကြည့်ရဲသေး..တစ်ခါမှစိတ်မဆိုးစဖူး ကျနော်နိုင်းကိုစိတ်ဆိုးကြည့်ချင်သည်...ကျနော့်ကိုပျော့ညံလွန်းတယ်.တန်ဖိုးမဲ့လွန်းတယ်.. လွယ်လွယ်ရနိုင်တယ်တွေးလို့ သူမနေ့ညကအပြုအမူမျိုးလုပ်ခဲ့တာမလား..ဒါပေမဲ့အဲ့မနေ့ညကအပြုအမူဆိုတာတွေကိုပြန်တွေးတိုင်း ရဲတက်သွားသော ကျနော့်ပါးနှစ်ဖက်ကို ဘယ်လိုဖုံးကွယ်ရမလဲ ဒါပေမဲ့လဲ ကျနော့်ရဲ့အချစ်တွေဆိုလျှင် အမြဲအထင်သေးလွန်းလှသည့် နိုင်းကို တကယ်စိတ်ဆိုးမိချင်သည်.....
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...