အခန်း(၂၄)

14.8K 1K 14
                                    

[Zawgyi]

အလှူကိစ္စများနှင့် အလုပ်ရှုပ်နေကြသော သက်တန့်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ခဲ့ကြ..အင်္ကျီလည်ကတုံးအဖြူ ပုဆုံးနက်ပြာရောင်ဆင်တူလေးနှင့် နှစ်ယောက်လုံးမှာ သန့်ပြန့်ခန့်ညားနေသည်..ညနေပိုင်း အလှူကိစ္စတွေအားလုံးပြီးသွားမှ နိုင်းမေမေမှ ပြောစရာရှိလို့ ဟူ၍ နှစ်ယောက်လုံးကိုခေါ်တွေ့ခဲ့သည်။

"မေမေ.. သားတို့ကိုခေါ်တယ်ဆိုလို့.."

"အင်း..မင်းတိုနှစ်ယောက်အကြောင်းပြောချင်လို့.."

"ကျနော်တို့အကြောင်း..????"

"အင်း..မင်းတို့ဘယ်အချိန်ထိ ဒီလိုနေကြမှာလဲ..နိုင်း.."

တည်ငြိမ်စွာပြောလိုက်သော်လည်း မေမေ့စကားလုံးတွေတွင် ပြတ်သားမှုတစ်ခုပါနေသည်..ဟင်..မေမေသူနဲ့သက်တန့်ကိုခွဲမှာတော့မဟုတ်ပါဘူးနော်..ထွက်ကျလာမည့် မေမေရဲ့နောက်ဆက်တွဲစကားလုံးတွေကို နိုင်း ဆက်နားထောင်နိုင်စွမ်းမရှိတော့..

နိုင်းကြောက်သည်.ဖေဖေရောမေမေပါ သူ့ကို သက်တန့်နှင့်ဝေးရာကိုပို့ကြမည်ဆိုလျှင် သူရင်ကွဲသေလိမ့်မည်.ဘေးမှ သက်တန့်ကိုကြည့်လိုက်တော့ သူလိုစိုးရိမ်နေဟန်မပြ..လွန်စွာတည်ငြိမ်နေသည်..သက်တန့်.မင်းငါနဲ့ဝေးရမှာ...စိတ်မပူဘူးလားကွာ..

"ဟုတ်တယ်နိုင်း..မင်းကိုမေမေတို့ပညာတွေသင်ပေးထားတာ အလကားမှမဟုတ်တာ..မင်းနိုင်ငံခြားမှာရှိတဲ့ မင်းအဖေကုမ္ပဏီမှာ တစ်နှစ်သွားအလုပ်လုပ်ရမယ်..နိုင်း..မင်းသက်တန့်နဲ့ဒီအတိုင်းမှဆက်နေလို့မှ မဖြစ်တာ.."

သူထင်ထားသည့်အတိုင်းပင်..မေမေနှင့်ဖေဖေပေါင်းပြီး သူ့ကို သက်တန့်နားကဆွဲခွာထုတ်တော့မည်..သူမနေနိုင်..သူသက်တန့်နှင့် တစ်နှစ်မပြောနဲ့..တစ်စက္ကန်တောင်ဝေးမနေနိုင်..သက်တန့်ကိုကြည့်လိုက်တော့ တစ်ခွန်းမှတော့ဝင်မပြော သို့သော်..သက်တန့်လွန်စွာထိတ်လန့်ကြေကွဲနေဟန်..

"မေမေ သားဒီမှာလဲအဆင်ပြေနေတာပဲကို..ဖေဖေခြံတွေလဲသားဦးစီးနေနိုင်ပြီ..ကိုယ်ပိုင်ဝင်ငွေလဲရှာနေနိုင်ပြီလေ..မေမေ.."

 နှလုံးသားရဲ့စည်းချက် (Completed)Donde viven las historias. Descúbrelo ahora