[Zawgyi]
နိုင်း သက်တန့်ကို ကြည့်မရသလောက် သက်တန့်ထက် ၂နှစ်ခန့်ကြီးသော မမနန်းကျော့သျှင်ကိုတော့ နိုင်းတော်တော်ချစ်သည်။နိုင်းဘ၀ရဲ့ ပထမဦးဆုံးသောအချစ်ကို ဦးစိုင်းနောင်တို့ မိသားစု နိုင်းတို့အိမ်စတင်ပြောင်းလာတဲ့အချိန်ကစပြီး စတင်တွေ့ရှိခဲ့သည်။ခံစားချက်တွေကို ရင်ဖွင့်မိတော့ စိတ်ပုတ် ပရုပ်လုံးကောင်က အားရ၀မ်းသာစွာ အားပေးလေသည်။"မင်း ငါ့အစ်မကို ဘယ်တော့မှ မရစေရဘူး.."တဲ့ ။
အေးပါကွာ စောင့်ကြည့်လိုက်ပါဦး ဘာမှအားကိုးမရတဲ့ ပရုပ်လုံးလိုလို ပိုးဟပ်ဖြူလိုလို အကောင်။
ခုလဲကြည့် နေမကောင်းလို့ မမကျော့များ သတင်းလေးဘာလေးလာမေးတာလားဆိုပြီး မျှော်လင့်ချက်တကြီး အိမ်အောက်ကို ပြေးဆင်းလာတာ။ အိမ်အောက်ရောက်တာနဲ့တစ်ပြိုင်နက် ဆန်ပြုတ်လာပို့တဲ့ ပြီတီတီရုပ်နဲ့ ပရုတ်လုံးကောင်သာ ဆီးကြိုနေသည်။
"နိုင်း မင်းမနေ့က ထ၄မှာ ဖွန်သွားကြောင်တာ မိုးမိလာ
တယ်ဆို ဟုတ်လား သားကြီး""ဟျောင့် သက်တန့် လဒ မင်းမကောင်းဆိုးဝါး ငှက်ဆိုးထိုးသံနဲ့အော်ဟစ်မနေနဲ့.. မေမေကြားသွားလိမ့်မယ်..ကဲအခုရော ဘာလာလုပ်တာလဲပြော"
"မေမေကမင်းဖျားနေတယ်ဆိုလို့ ဆန်ပြုတ်ပို့ခိုင်းလိုက်လို့ကွ..ငါကိုယ်တိုင်ပြုတ်ထားတာ သောက်ကြည့်ကောင်းတယ်ကွ."
သူတို့တစ်အိမ်လုံးစားရေးသောက်ရေးအတွက် တာဝန်ယူထားသော အန်တီနန်းမြ ပို့ခိုင်းလိုက်သည်ဆိုတော့ သူဝမ်းသာအားရလှမ်းယူလိုက်ပေမဲ့ နောက်ဆုံးတွဲစကားလုံးတွေကြောင့် သူလက်တွန့်သွားခဲ့သည်။
အန်တီနန်း ဟင်းချက်ကောင်းလွန်းတာ သူသိပေမဲ့ အန်တီနန်းသားဆိုပြီး သူပရုပ်လုံးကောင်ကို မယုံသင့်ကြောင်း သူ့ဦးနှောက်ရော နှလုံးသားရော အသွေးရော အသားရော တစ်ကိုယ်လုံးကပါ လက်ခံထားသည် ဖြစ်သည်။
"အမလေးးး..ပရုပ်လုံးရယ် ဆန်ပြုတ်တော့ ကိုယ်ကျိုးနည်းပါပြီကွာ.. တော်တော်စားကောင်းတော့မှာပဲ.."
ESTÁS LEYENDO
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...