အခန်း(၅)

15.2K 1.1K 5
                                    

[Zawgyi]

ကန်တော်ကြီးမှ သူတို့အုပ်စု ဟိုတယ်ကို ပြန်ရောက်တော့ မိုးအတော်လေးအုံ့နေသည်။အပန်းဖြေချင်ပါတယ်ဆိုမှ မိုးအုံ့နေသောအဖြစ်ကို မခံမရပ်နိုင်ဖြစ်နေသော ရဲရင့်တစ်ယောက် မိုးနတ်မင်းကြီးကို တရစပ်ြကိမ်းဝါးနေသည်။အခန်းငှားကြတော့ အခြားသူနှင့်ရော၍ မအိပ်တတ်သော နိုင်းကြောင့် သက်တန့်နှင့် သူ့အတွက် ၂ယောက်ခန်းတစ်ခန်းငှားဖြစ်သည်။

ပင်ပန်းလာသည်ကတစ်ကြောင်း မိုးအေးအေးနှင့် ချမ်းစိမ့်စိမ့်ဖြစ်နေသော ရာသီဥတုကြောင့် သက်တန့်နှင့်သူ စောစောအိပ်ရာဝင်ဖြစ်ခဲ့သည်။နှစ်ယောက်ခန်းဖြစ်သော်လည်း တစ်ယောက်ချင်းစီကုတင်မရတော့သောကြောင့် နှစ်ယောက်အိပ်ကုတင်ကြီးတွင်သာ နှစ်ယောက်သား ပူးပူးကပ်ကပ်အိပ်လိုက်ကြသည်။

နိုင်းသည် သူ့ဘေးတွင်တခြားတစ်ယောက်ရှိပါက အိပ်မပျော်တတ်သော်လည်း သက်တန့်နှင့်က ငယ်စဉ်ကတည်းကအတူတူကြီးပြင်းခဲ့သည်ကတစ်ကြောင်း သက်တန့်သူ့ထံစာလာလုပ်ရင်း တစ်ယောက်အိပ်ကုတင်ကျဉ်းကျဉ်းတွင် နှစ်ယောက်အိပ်ပျော်သွားတတ်သည့်ညများ များပြားလွန်းလှသည်ကတစ်ကြောင်း သက်တန့်နှင့်အတူတူအိပ်ရလျှင်တော့ နိုင်းစိတ်ထဲ ကသိကအောက်မဖြစ် လုံခြုံသလိုခံစားရသည်။

နိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသော်လည်း ညသန်းခေါင်ယံတွင် ဘေးမှသက်တန့်၏ ရှိုက်သံလိုလို အော်သံလိုလို ကြားရ၍ လန့်နိုးလာသည်။ရုတ်တရက်တစ်ခုခုကိုသတိရ၍ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်ခိုက် မိုးသည်အရှိန်ဟုန်ပြင်းပြင်းနှင့် အညိုးကြီးစွာဖြင့် ရွာချနေသည်ကိုတွေ့လိုက်ရသည်။မိုးနတ်ဒေဝါသည်လည်း ညာသံပေး၍ လောကကြီးကို ထိုးစစ်စတင်ဆင်နေပြီဖြစ်သည်။အသူရာနှင့် သိကြားစစ်ခင်းနေကြပြီ ဖြစ်သည်။

ပြင်ဦးလွင်မိုးသည် မရွာသော်လည်း မရွာ ရွာလည်းလျှင် အသည်းကွဲအောင် အရိုးစိမ့်အောင်ရွာတတ်သည်။ဟုတ်သား သက်တန့်မိုးရွာလျှင် လွန်စွာကြောက်တတ်သည်ကို နိုင်းသိထားသည်။ငယ်စဉ်ကတည်းမိုးနှင့်အတိတ်ဆိုးရှိသော သက်တန့်အကြောင်းကို သက်တန့်သူနှင့်စာစလာကျက်သော ငယ်စဉ်ကတည်းဘ၀ထဲက နိုင်းသိခဲ့သည်။

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now