💛🌸Daffodil (3)🌸💛

10.2K 467 34
                                    

[Zawgyi]

🚫🔥🔥🔥

တိတ်ဆိတ်အေးချမ်းနေသော အဖြူရောင်အခန်းငယ်လေးအတွင်းသို့ ကန့်လန့်ကာနောက်မှ အတင်းကာရော ဝင်ရောက်လာတဲ့ လင်းရောင်ခြည်ကြောင့် နိုင်းတစ်ယောက် မဖွင့်ချင်ဖွင့်ချင်ဖြစ်နေတဲ့ မျက်လုံးအစုံတို့ကို ပွတ်သက်ကာ ဘေးမှအိပ်နေဦးမည်ဖြစ်သည့် တစ်ဦးတည်းသောသူထံ လက်တို့အားပို့လိုက်လေသည်...

သို့သော် စမ်းမိလိုက်သည့် ကွက်လပ်လေးကြောင့် နိုင်းလက်ဖျားတို့အေးစက်သွားကာ ...မျက်လုံးတို့မှာလည်း ချက်ခြင်းပင် လုံးဝကို ပြူးကျယ်သွားလေသည်...

ပုံမှန်ဆို ဒီလိုညတစ်ညကိုဖြတ်သန်းပြီးလျှင် ...သက်တန့်တစ်ယောက် ပင်ပန်းသည်ကိုအကြောင်းပြပြီး ဘယ်တော့မှစောစောထလေ့မရှိ...အခုတော့ လူတစ်ယောက်လုံးမရှိသည့်အပြင် သူ့နေရာကွက်လပ်လေးမှာလည်း အိပ်ရာခင်းတို့ တွန့်ကြေနေခြင်းပင်မရှိပေ...ထို့ပြင် ဒီနေ့မှ...အခန်းလေးမှာလည်း ထူးထူးခြားခြားအထီးကျန်ဆန်နေသည်ဟု နိုင်းခံစားမိနေသည်...

သူ့အတွက် မနက်စောစောများ မနက်စာပြင်နေတာများလား...ဒါမှမဟုတ် ရေချိုးခန်းထဲမှာများလား...

အတွေးတို့ကို ဦးစားမပေးနိုင်တော့...အိပ်ရာမှပင် မြန်မြန်ဆန်ပြီး ထလိုက်ပြီး ကုတင်အောက်ပုံထားသည့် အဝတ်အစားတို့ကို ကောက်ဝတ်ကာ ရေချိုးခန်းဆီသို့ပင်  ခြေလှမ်းတို့ကို အရင်လှမ်းလိုက်သည်...

သူ့အတွက် အဆင်သင့်ပြင်ပေးထားတဲ့ သွားတိုက်ဆေးထည့်ထားတဲ့ သွားတိုက်တံတစ်ချောင်းနဲ့ တန်းပေါ်တင်ထားတဲ့ သဘက်အဖြူလေးမှ အပ ...သက်တန့်အရိပ်အယောင်ကိုလုံးဝမတွေ့ရ...

ဒါဆို မီးဖိုခန်းထဲများမှာလား... နိုင်းတစ်ယောက် ထူးဆန်းလွန်းနေတဲ့ အခြေအနေကြောင့် မျက်နှာပင်မသစ်နိုင်တော့ပဲ... မီးဖိုခန်းထဲသို့အပြေးအလွှားသွားသော်လည်း ... မတွေ့...

အိမ်ရှေ့ဧည့်ခန်း... သမီးလေးအခန်း... အိမ်ရှေ့ဝရံတာ...အိမ်သာ...စတိုခန်း... အသီးသီးရှာဖွေသော်လည်း...သက်တန့်ကို လူသားမပြောနဲ့ အရောင်ခုနစ်ရောင် အကွေးခုနစ်ခုနဲ့ သက်တန့်ပုံပင်မတွေ့ရပေ...

 နှလုံးသားရဲ့စည်းချက် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ