အခန်း(၂၆)

14K 851 16
                                    

[Zawgyi]

ရေဘူးသွားဝယ်သော နိုင်းတော်တော်နှင့်ပြန်မလာ..ခဏကြာတော့ဖုန်းဆက်သည် ပိုက်ဆံအိတ်ကျန်ခဲ့သောကြောင့် စိမ်းလန်းစိုပြေဘက်လာပေးရန်တဲ့. အဆန်းကြီးမောင်နိုင်းရာ..ရေဘူးလေးတစ်ဘူးဝယ်တာ စိမ်းလန်းစိုပြေဘက်တောင်ရောက်သွားသည်တဲ့..သူအမောတကော နိုင်းပြောတဲ့ဆိုင်ဘက်လိုက်သွားတော့ ဆိုင်ကပိတ်ထားသည်ထင်သည်..မှောင်မဲနေသည်..ဘာလဲကွာ..နိုင်းမင်းငါ့ကို ဂျင်းထည့်တာလား..

အခြေအနေသိရအောင် သက်တန့်တံခါးလေးမှတစ်ဆင့် အတွင်းထဲသို့ချောင်းကြည့်တော့ ရုတ်တရက်ဘေးမှ ဖြတ်ကနဲလင်းသွားသော မီးလုံးလေး..ထိုမီးလုံးလေးအောက်တိုင်လုံးလေးတွေ ဦးတည်ရာပြပုံမြှားလေး..သက်တန့်တစ်ယောက်အထူးအဆန်းများစွာဖြင့် မျှားလေးပြထားသော နေရာလေးထဲဝင်လာခဲ့မိသည်။

လမ်းတစ်လျှောက် တစ်လုံးချင်းစီလင်းသွားသောမီးလုံးလေးတွေအောက်တွင် သက်တန့်မြင်ဖူးထားသော နိုင်းရဲ့စာကြည့်ခန်းထဲမှ ပုံလေးတွေက တစ်ပုံခြင်းစီနေရာယူထားလေသည်...

ကြည့်နေရင်းနှင့်ပင် မြင်ကွင်းက တဖြည်းဖြည်းဝေဝါးလာသလိုလို ဟာ..သူမျက်ရည်တွေကျနေသည်လား..တဖြည်းဖြည်းလေး ခြေလှမ်းမှန်မှန်လျှောက်လာရင်းနဲ့ ပုံလေးတွေဆုံးသွားသောတစ်နေရာတွင် တံခါးလေးတစ်ချပ်..တံခါးပေါ်တွင်ကပ်ထားသော စာရွက်လေးတစ်ရွက်..ရေးထားသည်က
"❤Welcome To My World"...

သက်တန့်နှစ်ခါပြန်တောင်စဉ်းစားစရာမလို..တံခါးလေးအားဖွင့်ပြီးတွန်းဝင်သွားတော့ တွေ့လိုက်ရသောမြင်ကွင်းက သူ့ရဲ့ဘယ်ဘက်ရင်အုံလေးအား အရှိန်အဟုန်ပြင်းပြင်းတီးခတ်စေသည်။ ဆိုင်ရဲ့နောက်ဘက်ခြမ်းတွင်ရှိနေသော ပန်းခြံလေး...ပန်းခြံ၏အလယ်တည့်တည့်တွင် ဂစ်တာလေးတစ်လက်ပိုက်လျက်ရှိနေသောနိုင်း...

နေဦး...နိုင်းသီချင်းဆိုနေတာလား..သေချာကြားအောင်နားစိုက်ထောင်မိမှပဲ..တဖြည်းဖြည်းလွင့်လာသော နိုင်းရဲ့အသံချိုချိုလေး...

"ငါ့အနားမှာနင်သာရှိရင်...~~

အရာရာစွန့်လွှတ်နိုင်သွားပြီ..

 နှလုံးသားရဲ့စည်းချက် (Completed)Tempat cerita menjadi hidup. Temukan sekarang