🌝 💕Happy Full Moon Day 💕🌝

9.2K 467 29
                                    

[Zawgyi]
"နိုင်းရေ ဒီနှစ်ဘယ်နှစ်ကတ်လောက်လုပ်မလဲ??? ပြီးတော့ ဘာပေးချင်လဲ??"

မနက်ဖြန်ကျရောက်တော့မည့်လပြည့်နေ့တွင် ကျင်းပမဲ့နိဗ္ဗာန်ဈေးအတွက် နိုင်းနှင့်သက်တန့်တို့ ခေါင်းချင်းဆိုင်တိုင်ပင်နေကြခြင်းပင်ဖြစ်သည်..

"ငါကတော့ ကတ်တစ်ရာလောက်ပဲ လုပ်မလားလို့..ပြီးတော့ အအေးတွေ မုန့်တွေတခြားတွေပေးမယ့်အစား အဓိပ္ပာယ်ရှိမယ့်တစ်ခုခုလေးပေးကြရင်ကောင်းမလားလို့.."

နိုင်းအပြောကိုသက်တန့်အနေနဲ့ဖြင့်လည်း လက်ခံသည်..နှစ်စဉ်နှစ်တိုင်းအအေးတိုမု့န့်တို့စားစာရာတစ်မျိုးမျိုးသာအမြဲဝေလေ့ရှိသောကြောင့် ဒီနှစ်တွင် ထူးထူးခြားခြားတစ်ခုခုပေးချင်နေသောနိုင်းသဘောထားကိုလည်း သက်တန့်နားလည်သည်..

နိဗ္ဗာန်ဈေးသည် နိုင်းတို့မိသားစုနှင့်သက်တန့်တို့ အတူတူနေထိုင်စဉ်ကတည်းက အတူတူကျင်းပကြတာဖြစ်သော်လည်း နိုင်းနှင့်သက်တန့်လက်ထပ်ပြီး ကြားထဲအကြောင်းအမျိုးမျိုးကြောင့် နိဗ္ဗာန်ဈေးအားမလုပ်ဖြစ်ကြပေ..နိုင်းမိဘတွေနှင့် သက်တန့်မိဘတွေက ရိုးရာမပြတ်နှစ်တိုင်းအလှူပေးသော်လည်း အကြောင်းကြီးငယ်ကြောင့် နိုင်းတို့မသွားဖြစ်ပေ..

ထို့ကြောင့်ဒီနှစ်သည် နိုင်းနှင့်သက်တန့်လက်ထပ်ပြီး..သမီးလေးနှင့်အတူ နိဗ္ဗာန်ဈေးကျင်းပရန် ပထမဆုံးစီစဉ်မိသောနှစ်ဖြစ်သည်..ဒါကြောင့်နိုင်းရော သက်တန့်အနေဖြင့် ထူးထူးခြားခြားပေးချင်နေကြခြင်းဖြစ်ပေသည်
.

"အဲ့တာဆိုမင်းဘာလုပ်မယ်လို့ စဉ်းစားထားလဲ နိုင်း"

သက်တန့်အမေးကို မရှိတဲ့မုတ်ဆိတ်မွှေးဆွဲကာ စဉ်းစားနေသောနိုင်း..ခဏလောက်အတော်ကြာတော့ လက်ဖျောက်တစ်ချက်တီးကာ ၀မ်းသားအားရထပြောလေသည်..

"ဆီ"

"ဘာ?? ဆီဟုတ်လား??"

"အင်းဟုတ်တယ်လေ...သူများတွေက မုန့်တွေ ဘာတွေပဲပေးမှာလေ..ငါတို့က ဆီလေးဘာလေးပေးတော့ သူတို့လဲ ဘာလေးညာလေးနဲ့ ကြော်လို့ရတာပေါ့.."

တကယ်ကိုအကွက်ကျကျ စီစဉ်လွန်းတတ်သူရယ်ပါ..ငယ်ငယ်လေးကတည်းက ဥာဏ်ကောင်းလွန်းပြီး ထက်မြက်လွန်းသူရယ်မို့ အခုလိုတွေးမိသည်မှာလည်း မဆန်းပေ..နိုင်းပြောသည်မှာလည်း တကယ်ကိုအဆင်ပြေသည်မို့ နိုင်းအကြံကိုပဲ လက်ခံရန်ဆုံးဖြတ်လိုက်သည်..

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now