[Zawgyi]
"အူဝဲ...အူဝဲ...အူဝဲ..~~"
တိတ်ဆိတ်အေးချမ်းစွာ အိပ်မောကျနေသာ
မေမြို့ညသန်းခေါင်ယံအချိန်အခါလေးကို ဖြိုခွင်းလိုက်သော အသံလေးတစ်သံ...."နိုင်းရေ...နိုင်း...ခြံထဲမှာငိုသံကြားတယ် ထပါဦး...နိုင်း..ဟာ ဒီလို အအိပ်ကြီးပုံနဲ့ သူခိုးဝင်ခိုးရင်ပြောင်တော့မှာပဲ.."
အလုပ်ကပြန်ရောက်ထဲက ပင်ပန်း၍ အိပ်မောကျနေသောနိုင်းအား ခြံထဲမှ ငိုသံကြားလိုက်ရသောကြောင့်သက်တန့် အသည်းအသန်လှုပ်နိုးလိုက်ရသည်..ဟန်နီမွန်းမှ ပြန်လာသည့်အချိန်ကစပြီး သူတို့၂ဦး ပြင်ဦးလွင်ရှိအိမ်လေးကိုပြန်နေဖြစ်သည်..
နိုင်းသည်လည်း သူဖေဖေအကူအညီဖြင့် ပြင်ဦးလွင်နှင့်မန္တလေးရှိလုပ်ငန်းများကို ဦးစီးနေပေသည်..သက်တန့်လဲ ရန်ကုန်ရှိပန်းဆိုင်လေးအားလက်လွှဲနှင့်ထားခဲ့၍ ရန်ကုန်သို့ တစ်လ၂ခေါက်လောက်သာပြန်၍ ဦးစီးဖြစ်သည်...
အစမကောင်းခဲ့သော်လည်း...လောလောဆယ်တော့ သာယာဖြောင်ဖြူးနေသောသူတို့အချစ်ရေးလေး..ဒီလိုအခက်အခဲတွေမရှိအောင်လဲ ဒီလိုအခြေအနေဖြစ်အောင်လည်း လွယ်လွယ်ကူကူမရခဲ့မှန်းသူတို့၂ဦးသာ အသိဆုံးဖြစ်သည်..
"နိုင်း..မြန်မြန်ထပါဟ.."
"ဟင်..ဘာဖြစ်လို့လဲ...ဘယ်ကကလေးလဲ..."
နှစ်ယောက်သား သန်းခေါင်ယံ မိုးချုပ်ကြီး ကလေးငိုသံကြား၍ ခြံထဲဆင်းလာတော့ ကြက်သီးထစရာကောင်းလောက်အောင် တစ်ယောက်မှမတွေ့.သို့သော်အမှောင်ထဲတွင်သာ ငိုသံကထပ်ကြားလိုက်ရတော့ နှစ်ယောက်သားတိုင်ပင်စရာမလိုပဲ အလိုလိုပူးကပ်သွားသည်..
"သက်..သက်.တန့်~~သ..သသ..ရဲရဲများလား.."
အရေးထဲစကားထစ်နေသောနိုင်း..လူကောင်ကြီးကြီးသလောက် သူလောက်သရဲကြောက်တတ်သူ လောကတွင်မရှိ..အစစအရာရာပြည့်စုံပြီး သူ့အရှေ့တွင်အမြဲအင်အားကြီးပြသော ကျနော်ချစ်သူလူဆိုးကောင်တွင်လဲ ထိုသို့ချစ်စရာကောင်းတဲ့အချက်လေးရှိသေးသည်..
"နေပါဦး နိုင်းရယ်...မင်းအဲ့လောက်ကြောက်တတ်တဲ့ပုံနဲ့တော့ သေတော့မှာပဲ..လာပါ သွားကြည့်ရအောင်ကွာ.."
![](https://img.wattpad.com/cover/149016916-288-k62781.jpg)
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...