[Zawgyi]
"သက်တန်...မင်းငါ့ကို ဒီနေ့တော့ခွင့်ပြုပေးမယ်မလား.."
အသိအမှတ်ပြုဟန်ဖြင့် မျက်လွှာနှစ်ခုကို အောက်စိုက်ကာ နီရဲထွေးသော နှုတ်ခမ်းနှစ်လွှာကိုတင်းတင်းစေ့ထားလျက် ခေါင်းညိတ်ပြလိုက်သော သက်တန့်အား..မကြမ်းလွန်းမနူးညံ့လွန်းသော အနမ်းမိုးတို့ဖြင့် သာယာကြည်နူးဖွယ်အတိပြီးနေသော ကမ္ဘာလေးထဲသို့ နိုင်းညင်သာစွာဆွဲခေါ်သွားလေတော့သည်။
ချစ်သူက လိုလားစွာဖိတ်ခေါ်လိုက်မှတော့ ကိုယ်သည်ရပ်စောင့်နေသူဧည့်သည်အဖြစ်မှ အိမ်ရှင်၏နှလုံးသားနေရာတွင် မူပိုင်ရှင်အဖြစ်နေရာယူရန် ၀ံ့ကြွားစွာဖြင့် တိုးဝင်ခဲ့လေသည်...
မနက်ခင်းရဲ့လေပြေနှင့်အတူ ပုခုံးပေါ်ကျရောက်လာသော ၀င်သက်ထွက်သက်လေးတစ်ခု..ခါးဆီမှ တင်းကြပ်မှုတစ်ခုကိုခံစားလိုက်ရမှ သက်တန့်လက်ရှိအခြေအနေကိုသဘောပေါက် မိသည်..ညကသူနဲ့နိုင်း အပြန်အလှန်ချစ်စကားတွေဆိုပြီး..လူသားဆန်သောအထိအတွေ့များကြား နှစ်ယောက်သားမိန်းမောသာယာသွားခဲ့တာ..
သက်တန့်နိုးနိုးချင်းပထမဦးဆုံးလုပ်လိုက်တဲ့အရာက သူ့ကိုသူဆိတ်ဆွဲလိုက်ခြင်းပင်..အိပ်မက်များမက်နေသလားလို့ပေါ့..သူအတွက်နိုင်းရော နိုင်းနှင့်ပတ်သက်သောအရာမှန်သမျှက အိပ်မက်ဆန်လွန်းသည်လေ..
ဘေးတွင်ကလေးလေးတစ်ဦးနှယ်အိပ်မောကျနေသောနိုင်းရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီအားနှလုံးသားထဲစွဲနေအောင် အသေးစိတ်မှတ်သားထားပြီး နဖူးလေးအားအနမ်းနွေးနွေးဖြင့် ထိထွေ့ကာ
ချစ်သူကို အိပ်ရာမှ နိုးထစေလိုက်တော့သည်။"နိုင်း..အိတ်ပုတ်..ထတော့လေ.."
"ဟာကွာ..မထချင်သေးပါဘူး..အိပ်ဦးမှာ.."
"ထပါနိုင်းရယ်..လူကြီးတွေကအရင်နိုးနေရင်မကောင်းဘူးလေ.."
"မထဘူး..မင်းလဲပြန်အိပ်.."
ငုတ်တုပ်ထိုင်ကာ ပွစိပွစိပြောနေသောသူ့အား နိုင်းအိပ်ရာပေါ်သို့ပြန်ဆွဲလှဲအိပ်ကာ ရင်ခွင်ကျယ်ကြီးထဲတွင်လုံနေအောင်ထည့်ထားလေသည်။်ခွေးကောင်နိုင်း..ဖြေးဖြေးသာသာမလှဲချဘူး မင်းကောင်းမှုကြောင့် ကျေတွေအောင့်နေပါတယ်ဆို လဒလိုပဲ~။
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...