[Zawgyi]
နိုင်း သက်တန့်ကို မယုံကြည်နိုင်ခြင်းများစွာနှင့် ထပ်မေးတော့ သက်တန့်မှ သူ့ထုံးစံအတိုင်း အေးအေးဆေးဆေးနှင့်သာပြန်ပြောသည်။သို့သော် သူ မကြိုက်သော မျက်ဝန်းနက်များနှင့် သူ့ကိုကြည့်နေပြန်သည်။ သက်တန့်ရဲ့ ထိုသို့သောအကြည့်တွေကို သူတကယ်နားမလည်ပေ။"ဟုတ်တယ်နိုင်း ငါကိုယ်တိုင်ပြောလိုက်တာ...မင်းငါ့အစ်မကို ချစ်တယ်ဆိုရင် မင်းအဲ့လိုကောင်မလေးချောချောမြင်တိုင်း ဘူးထနေတာ ငါမကြိုက်ဘူးကွ အဲ့တာကြောင့် ငါပြောလိုက်တာ..."
ဒါတော့ နိုင်းလက်ခံသည်။ဟုတ်သည်လေ မမကျော့ဆိုတာ သက်တန့်ရဲ့ အဖိုးတန်တစ်ဦးတည်းသောအစ်မ။မမနှင့်သူ့ကို ဘယ်လောက်ခွဲခဲ့ခွဲခဲ့ သူတို့၂ယောက်ချစ်သူဖြစ်ပြီးနောက်ပိုင်းတွင်တော့ သက်တန့်တစ်ယောက် ကြည်ဖြူသည်လဲမပြော မကြည်ဖြူဘူးလဲမပြော သူတို့နှစ်ယောက်ကြားထဲတွင်တော့ လုံး၀၀င်မပါတော့။တစ်ခါတရံ သူတို့ချိန်းတွေ့နေစဉ် ၀င်ရောက်နှောက်ယှက်တတ်တာမှလွဲ၍။
သက်တန့် သူနှင့် သူ့မမကို အရမ်းချစ်တာ သူသိသည်။ထို့ကြောင့် သက်တန့်ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာ သူအပြည့်အ၀နားလည်သည်။ထို့ကြောင့် နိုင်း သက်တန့်ကိုတောင်းပန်စကားဆိုရန် ကြည့်လိုက်တော့ မဖြစ်နိုင် သက်တန့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။သူမေးတော့လဲ ဖုန်ဝင်သွားလို့ဆိုပြီး မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ခဲ့သည်။
"သက်တန့် ငါတောင်းပန်ပါတယ်ကွာ...နောက်အဲ့လိုမဖြစ်စေရပါဘူး..ဒီကိစ္စနဲ့ပတ်သက်ပြီးလဲ ငါမင်းကို စိတ်မဆိုးဘူး ဟုတ်ပြီးလား.
နော် သက်တန့်..""နိုင်း မမနဲ့ပတ်သက်ရင် ပျော့ညံ့လွန်းတဲ့ မင်းရဲ့ဒီပုံစံကို ငါတကယ်မုန်းတယ်..."
သက်တန့်ဘာအဓိပ္ပာယ်နှင့်ပြောလိုက်သည်ကို နိုင်း နားမလည်လိုက်။အောက်ထပ်သို့ပြေးဆင်းသွားသော သက်တန့်ခြေသံကို နိုင်းနားစွင့်နေလိုက်သည်။ ထိုကလေးနှင့် ၁၀နှစ်လောက်ပေါင်းခဲ့တာတောင် ထိုကလေးကို သူနားမလည်။နားလည်ရန်လဲသူမကြိုးစားပေ။ဘယ်တော့မှလဲ ဆံပင်ပျော့လေးတွေနဲ့ ကလေးငယ်ကို သူနားလည်မည်မဟုတ်။
ESTÁS LEYENDO
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...