[Zawgyi]
#Warning :Mature Age limited Feeling"ကိုသက်တန့် ဧည့်သည်ရောက်နေတယ်"
ခြံထဲမှ အလုပ်သမားလေး ခေါ်သံကြောင့်. သက်တန့်အပြေးလေးသွားကြည့်မိတော့ ၀တ်မှုံလှိုင်ရောက်နေသည်ကိုတွေ့လိုက်ရသည်။မတွေ့တာကြာပြီ ဖြစ်သောမိတ်ဆွေကြောင့် သက်တန့်အတော်လေး ပျော်သွားသည်။
"၀တ်မှုံ ဘယ်လိုတောင်မျက်စိလည် လမ်းမှားလာတာလဲ~"
"ဒီကို အလုပ်ကိစ္စနဲ့ရောက်နေတာလေ လီလီပန်းလေးတွေလှလို့ ခြံထဲဝင်ကြည့်မိတော့ သက်တန့်ကိုတွေ့တာနဲ့..သက်တန့်ရောအဆင်ပြေလား..ဒီခြံက သက်တန့်ပိုင်တာလား.. "
"မဟုတ်ပါဘူးဝတ်မှုံရာ နိုင်း ပိုင်တာလေ.. နိုင်းက အခု ငါ့ကိုဦးစီးပေးဖို့ပေးထားလို့.."
"သက်တန့်တို့သတင်း ၀တ်မှုံကြားပါတယ်.. အမှန်တိုင်းပြောရရင် ၀တ်မှုံလဲ အံ့ဩသွားခဲ့တယ်..ဒါပေမဲ့ အမှန်တရားတစ်ခုကို လက်ခံလိုက်တဲ့အခါ နိုင်းနဲ့ သက်တန့်ကို ၀တ်မှုံ နားလည်သွားတယ် သိလား.."
"ဒီလိုပါပဲ ၀တ်မှုံရယ်.. လက်ခံဖို့ခက်ခဲတယ်ဆိုတာသိပေမဲ့လည်း...လောကရဲ့နိယာမကို ဆန့်ကျင်နေတယ်ဆိုတာသိပေမဲ့လည်း..ရှောင်လွဲလို့မရလာတဲ့အခါ ဒီလိုပဲ ရင်ဆိုင်ပစ်လိုက်ရတော့တာပေါ့ ၀တ်မှုံရယ်.."
"၀တ်မှုံ နားလည်ပါတယ် သက်တန့်ရယ်..ဒါကရှက်စရာမှမဟုတ်တာ လူတော်တော်များများလည်း လက်ခံလာကြပါပြီ..
ဒါနဲ့လေ ၀တ်မှုံ ပန်းမျိုးစိတ်တစ်ခုအကြောင်းစာတမ်းပြုစုနေတယ်သိလား..သက်တန့်စိတ်များဝင်စားမလားလို့.."
ချစ်ရသော ကလေးတွေအကြောင်းကြားလိုက်ရသောအခါ သက်တန့်ဟန်မဆောင်နိုင်အောင်ပင် ပျော်မြူးသွားသည်။ဒါကြောင့်လဲ ၀တ်မှုံလှိုင်နှင့် သူကျောင်းထဲက တပူးပူးတတွဲတွဲ ပေါင်းဖြစ်ခဲ့သည်။ပန်းလေးတွေကို သိပ်ချစ်တတ်ကြတာခြင်း တူလွန်းတယ်မဟုတ်လား..
အမှန်တိုင်းပြောရရင်ဝတ်မှုံက သက်တန့်ထက် ပန်းအကြောင်းပိုသိသည်။အခုလဲ ဒီကလေးမ စိတ်ဝင်စားစရာ topic တစ်ခုကိုဆွဲခေါ်လာပြန်ပြီလေ..
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...