[Zawgyi]
နိုင်း ဘာကြောင့်ထိုစိန်ခေါ်မှုကို လက်ခံလိုက်လဲမသိ။အပြန်လမ်းတွင်လဲ စကားတစ်ခွန်းမှမပြော။နိုင်းစိတ်ထဲရှုပ်ထွေးမည်ဆိုတာ သူသိသော်လည်း မျိုးနောင်တို့အားပြောခဲ့သော နိုင်း၏စကားတို့ကြောင့် သက်တန့်စိတ်တို့ ပိုရှုပ်ထွေးနေသည်။နိုင်း ဘာလို့အဲ့လိုလုပ်ရတာလဲဟု သူနားမလည်နိုင်တော့။နိုင်း ပြောခဲ့သောစကားတို့ကသာ သူပြန်တွေးကြည့်မိလေသည်။
"ကျော်စွာ တကယ်တော့ ငါလဲမင်းတို့ကိုပြောရမှာတစ်မျိုးကြီးဖြစ်နေလိို့ု့ကွ..ငါ့ကို သက်တန့်က ၀န်ခံထားတယ်..မယုံရင်မေးကြည့်လိုက် သက်တန့်ကို..."
ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သော အပြုံးတို့ဖြင့် ပြန်လည်တောက်ပနေသော နိုင်း၏မျက်နှာကို မြတ်နိုးစွာ ငေးမောကြည့်နေခိုက် မေးလာသော ကျော်စွာတို့၏မေးခွန်းကို ယောင်နနနှင့် ခေါင်းညိတ်လိုက်မိသည်။ခုနကဒေါသတွေနှင့်နိုင်းက သူမဟုတ်တော့သလိုလိုနှင့် ကျော်စွာတို့အား အပြုံးတွေနှင့်သူ့မျက်နှာဖြင့် စကားဆက်နေသည်ကိုတွေ့ရတော့ ဘာကြောင့်ရယ်မသိ ရင်မောမိသွားသည်။
"ဟျောင့်သက်တန့်မင်းက မထင်ရဘူးကွာ လက်သွက်လှချည်လား.. အဲ့တာကြောင့်မင်းကိုဒီလောက်အနိုင်ကျင့်နေတဲ့ နိုင်းစုတ်ကို မင်းဒီလောက်အလျှော့ပေးနေတာကို..ဒါဆိုမင်းက..."
"gayမဟုတ်ပါဘူးကွာ.. ငါ့ကိုပဲချစ်တာတဲ့ ငါ့တစ်ယောက်ထဲကိုပဲ အရူးလိုချစ်နေတာ ၆နှစ်ကတည်းက..အဲ့အရူးလေးက..ဟား..ဟား"
မျိုးနောင်စကားမဆုံးသေးခင် ၀င်ပြောလိုက်သောနိုင်းကို သူ့အံ့ဩစွာကြည့်နေမိလိုက်သည်။မင်း ရွဲ့နေတာနိုင်း... မင်းငါ့အချစ်ကို ပျက်ရယ်ပြုနေတာ နိုင်း။သက်တန့် ရင်တွေပေါက်ကွဲတော့မတတ် မွန်းကြပ်နေသည်။ဖြစ်နိုင်လျှင် သူဒီနေရာကနေ အငွေ့အဖြစ်ပျောက်ကွယ်သွားချင်သည်။
"အဲ့တာကြောင့် ငါ့ကိုချစ်ပေးနေတဲ့ ဒီအရူးကောင်လေးကို ငါဘာကိုမှဂရုမစိုက်ပဲ အရူးလိုပြန်ချစ်မလို့.."
နောက်ဆက်တွဲပြောလိုက်သော နိုင်းရဲ့စကားတွေကြောင့် သက်တန့်ရင်ထဲစူးအောင့်သွားသည်။မျက်ရည်တို့သည်လည်း မျက်ဝန်းနက်တွင်တွဲခိုလာကြသည်။
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...